ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ၂၀၂၂ ခုနှစ် “မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ” ကဏ္ဍတွဲလှုပ်ရှားမှုအစီအစဉ် တင်ဆက်ခြင်း
ဗီဒီယိုကို တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
၂၀၂၂ ခုနှစ် နှစ်သစ်အစတွင် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ နိုင်ငံတော်ရေဒီယိုရုပ်သံဌာနချုပ် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အမျိုးသားအားကစားဆိုင်ရာ စီမံကွပ်ကဲရေးဌာနချုပ် ပြန်ကြားရေးဌာနတို့မှ ညွှန်ကြားပြီး တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာနှင့် ပေကျင်း၊ ဟယ်ပေ (Hebei) ၊ အတွင်းမွန်ဂိုးလီးယား၊ လျောင်းနင် (Liaoning) ၊ ကျီလင် (Jilin) ၊ ဟေးလုံကျန်း (Heilongjiang) ၊ ရှင်းကျန်း (Xinjiang) (၇) ပြည်နယ် (ဒေသ၊ မြို့)၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနတို့မှ အတူတကွ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် “မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ” အစီအစဉ်အား တစ်ကမ္ဘာလုံးတွင် တစ်ပြိုင်တည်း တင်ဆက်သွားမည် ဖြစ်ပါသည်။ ၎င်းလှုပ်ရှားမှုအစီအစဉ်သည် တရုတ်နိုင်ငံမြောက်ပိုင်း၏ အထင်ကရ ရေခဲဆီးနှင်းယဉ်ကျေးမှု၊ ရေခဲဆီးနှင်းအားကစားနှင့် ရေခဲဆီးနှင်းခရီးသွားလာခြင်းများကို နှံ့နှံ့စပ်စပ် မိတ်ဆက်ပေးသွားမည် ဖြစ်ပြီး တရုတ်လူမျိုးများ၏ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုများကို တင်ဆက်ဖော်ပြထားပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ Official Website နှင့် မီဒီယာပလက်ဖောင်းများတွင် ရေခဲဆီးနှင်းခေါင်းစဉ်အကြောင်းအရာ ရုပ်သံမှတ်တမ်းတင်ဆက်မှု၊ ဒေသအသီးသီး၏ အွန်လိုင်းခရီးသွားမိတ်ဆက်ရက်သတ္တပတ်၊ နာမည်ကျော်ခရီးသွားနေရာများကို ကြာမြင့်စွာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အစရှိသည့် အစီအစဉ်အကြောင်းအရာများကို တင်ဆက်ပြီး တရုတ်နိုင်ငံမြောက်ပိုင်း (၇) ပြည်နယ် (ဒေသ၊ မြို့)၏ ဆောင်းရာသီ အလှအပရှုခင်းများနှင့် အစားအစာများ၊ ဒေသအသွင်အပြင်နှင့် ဓလေ့စရိုက်များ၊ တရုတ်နိုင်ငံမြောက်ပိုင်း ဆောင်းရာသီ ရေခဲဆီးနှင်းခရီးသွားလာမှု၏ ညှို့ငင်အားများကို အသက်ဝင်စွာ တင်ဆက်သွားမည် ဖြစ်ပါသည်။