တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - နှစ်ပေါင်း ၁၃၀၀ သက်တမ်းရှိ “မက်မွန်ပွင့် ဆားကွင်း”
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-01-09 14:10:58
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
တိဗက်ဒေသရှိ နာဇီး(Naxi) ကျေးရွာ၊ လန်ချန်းမြစ် မြစ်ကမ်းဘေးနှစ်ဖက်တွင် နေထိုင်ကြသော တိဗက်ပြည်သူများသည် လန်ချန်းမြစ်ကမ်းနားရှိ ဆားတွင်းတစ်တွင်းမှ ဆားရည်များကို ပုံးဖြင့် သယ်ပိုးပြီး ဆားကွင်းထဲသို့ လောင်းထည့်ကာ ဆားနေလှန်းကြပါသည်။ ဤဆားအမျိုးအစားသည် အခြောက်ခံပြီးနောက် အနီရောင် ပြောင်းလဲသွားပြီး “မက်မွန်ပွင့်ဆား”ဟု အများက ခေါ်ဝေါ်ကြသည်။
ဤကဲ့သို့ ရှေးရိုးရာကျသည့် လက်လုပ်ဆား အခြောက်ခံနည်းကို ယင်းဒေသ၌ နှစ်ပေါင်း ၁၃၀၀ တိုင်တိုင် လက်ဆင့်ကမ်းခဲ့ကြသည်။ ဤရှေးဟောင်းနည်းလမ်းကို ယင်းတို့က ယနေ့ထက်ထိတိုင် အသုံးပြုနေကြဆဲ ဖြစ်ပါသည်။