Visiting China Online - စွဲမက်ဖွယ် ချုံချင့်အလှတရား
ဗီဒီယိုနှင့် ဓာတ်ပုံကို ချုံချင့်မြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဖွံဖြိုးတိုးတက်ရေးကော်မတီမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ချုံချင့်မြို့သည် တရုတ်နိုင်ငံ၏ အနောက်တောင်ဘက်ပိုင်းဒေသတွင် တည်ရှိပြီး ထူးခြားသော ပထဝီဝင်အနေအထားနှင့် ရာသီဥတုတို့ကြောင့် အများအားဖြင့် “တောင်တန်းမြို့တော်”၊ “မြူမှုန်မြို့တော်” ဟူ၍ ခေါ်စမှတ်ပြုကြလေသည်။
ချုံချင့်မြို့တွင် သဘာဝပေး ထူးခြားမှုများနှင့် ပြည့်စုံနေသည့် ခရီးသွားအရင်းအမြစ်များကို ပိုင်ဆိုင်ထားသည်။ ယန်စီမြစ် Three Gorges၊ တာ့ကျူ (Dazu) ကျောက်ထွင်းလက်ရာ၊ ဝူလုံ (Wulong) ထုံးကျောက်နယ်မြေ ခရီးသွားဒေသ စသော အထင်ကရနေရာများ ရှိသည်။ ဝူးဆန်း (Wushan) ကောင်တီရှိ Small Three Gorges၊ ဖုန်းတူး (Fengdu)ကောင်တီရှိ သရဲမြို့တော်၊ ယွီရန် (Yunyang)ကောင်တီရှိ ကျန်းဖိန်း (Zhangfei) ဘုရားကျောင်း၊ ဟုန်ရာတုန့် (Hongyadong) ကျေးလက်ရိုးရာ ယဉ်ကျေးမှုဒေသနှင့် စီချီခို (Ciqikou) ရှေးဟောင်းလမ်းမ စသော သူမတူထူးခြားသည့် ရှုခင်းအလှတရားများ အလွန်ပင် များပြားလှပေသည်။ ရှေးသမိုင်းယဉ်ကျေးမှု အငွေ့အသက်များ အလျှံအပယ်ပြည့်ဝနေသည့် ချုံချင့်စားဖွယ်ရာများကလည်း အများသူငှာတို့အား ပို၍ပင် တမ်းတမ်းစွဲ မေ့မရနိုင်ဖြစ်အောင်ကိုပင် ဆွဲဆောင်လျက် ရှိနေပါသည်။