နိုင်ငံခြားသားက လိုက်လံပြသသည့် သင်မသိသေးသော တရုတ်နိုင်ငံ ယူနန် - လူးကူးကန်(Lugu Lake)
ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
တရုတ်နိုင်ငံတွင် မည်သည့်နေရာကမှ ယူနန်ပြည်နယ်ကဲ့သို့ အသွင်သဏ္ဌာန် စုံစုံလင်လင်ရှိသည့် တစ်ချိန်တည်းတွင်ပင် ကိုယ်ပိုင်ပင်ကိုဟန်များကို ထိန်းသိမ်းထားရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဤဗီဒီယိုသည် များစွာသော စိတ်ဝင်စားဖွယ်ပုံပြင်များမှတစ်ဆင့် ယူနန်ပြည်နယ်၏ အမျိုးမျိုးကွဲပြားသော ဆွဲဆောင်မှုများကို စူးစမ်းလေ့လာ ဝေမျှခံစားစေမည် ဖြစ်ပါသည်။
လူးကူးကန်(Lugu Lake)သည် ဖြူဖွေးစင်ကြယ်၍ အနာဆာကင်းမဲ့သည့် စင်းလုံးချော ပုလဲတစ်လုံးသဖွယ် တောင်တန်းစုများအလယ်တွင် စွန်ကုပ်ယူ၍ တည်ရှိနေပါသည်။ ၎င်းသည် ယူနန်ပြည်နယ်၏ ပင်လယ်ရေမျက်နှာပြင် အမြင့်ဆုံးရေကန်ဖြစ်ပြီး တရုတ်နိုင်ငံ၏ တတိယ အနက်ဆုံးသော ရေချိုအိုင်လည်း ဖြစ်သည်။ ကုန်းပြင်မြင့်ရေကန်များ၏ သဘာဝရှုမျှော်ခင်းနှင့် တစ်မူထူးခြားသော Mosuo မိခင်အနွယ်ဝင် တိုင်းရင်းသားယဉ်ကျေးမှုတို့သည် ထူးခြားဆန်းပြားသည့် သဘာဝမြင်ကွင်းနှင့် ယဉ်ကျေးမှုမြင်ကွင်းများအဖြစ် ဖြစ်တည်လာခဲ့ပါသည်။ ရိုးစင်းရှေးကျသော ရိုးရာဓလေ့များ၊ သာယာလှပသော တောတောင်ရေမြေများနှင့် များပြားစုံလင်သော တိုင်းရင်းသားရိုးရာများ စသည်တို့ဖြင့် လျှို့ဝှက်ဆန်းကြယ်သော အရောင်အသွေး အသွင်သဏ္ဌာန်များ ပြည့်နှက်နေကာ သင့်အား ကြည့်မကုန် ရှုမဆုံးနှင့် တမ်းသတတ ဖြစ်စေမည် ဖြစ်ပါသည်။