Visiting China Online ရှန်ဟိုင်း - ပိုမိုရှာဖွေတွေ့ရှိလေ ပိုမိုလက်တွေ့ခံစားနိုင်လေ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-10-17 12:24:04


ဗီဒီယိုနှင့် ဓာတ်ပုံကို ရှန်ဟိုင်းမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ရှန်ဟိုင်းသည် တရုတ်နိုင်ငံ၏ အရှေ့ဘက်ပိုင်းတွင် တည်ရှိပြီး ယန်စီမြစ် ပင်လယ်ဝထဲသို့ စီးဆင်းဝင်ရောက်သော နေရာဖြစ်သည်။ ဤမြို့သည် ခေတ်မီမှုများနှင့် ပြည့်စုံနေသကဲ့သို့ တရုတ်ရိုးရာ ထူးခြားမှုများလည်း ရှိနေသည့် နိုင်ငံတကာယဉ်ကျေးမှုမြို့ပြကြီးပင် ဖြစ်သည်။



စည်ကားသိုက်မြိုက်သော ရှန်ဟိုင်းမြို့ကြီးတွင် မြင်မြင်သမျှနေရာတိုင်း၌ သူမ၏ တစ်မူထူးခြားသော အလှတရားများသည် ပေါ်လွင်ထင်ဟပ်နေပြီး မြင်တွေ့ရသူတို့အား ဆွဲဆောင်လျက်ရှိသည်။ The Bund ရှိ အနောက်တိုင်းစတိုင်လ် အဆောက်အဦနှင့် ဖူတုန်း(Pudong)ရှိ ခေတ်မီတိုက်တာအဆောက်အဦမြင့်တို့က အချင်းချင်းယှက်ခတ်ကာ အပြန်အလှန် ထင်ဟပ်ပေါ်လွင်နေပေသည်။ Shanghai Old Street ရှိ လက်ဖက်ရည်ဆိုင်နှင့် ဟိန်စန်း(Hengshan)လမ်းရှိ ဘားဆိုင်တို့၏ တရုတ်ရိုးရာနှင့် အနောက်တိုင်းစတိုင်လ်တို့ ပေါင်းစပ်နေမှုများက ရှုမောဖွယ်ရာ ဖြစ်စေပါသည်။



Oriental Pearl TV Tower ၊ Jin Mao Tower ၊ Shanghai International Convention Center ၊ ဖူတုန်း(Pudong) အပြည်ပြည်ဆိုင်ရာလေဆိပ်တို့က ရှန်ဟိုင်း၏ ကျယ်ပြန့်လှသော အလားအလာမြင်ကွင်းများကို ပုံခြယ်ရေးဆွဲထားခြင်းပင်ဖြစ်သည်။ ရှန်ဟိုင်းပြတိုက်၊ ရှန်ဟိုင်းပြဇာတ်ရုံ၊ ရှန်ဟိုင်းမြို့ပြစီမံကိန်းပြတိုက်တို့က ရှန်ဟိုင်း၏ ကျယ်ပြောလှသော မေတ္တာခံစားချက်များကို ငွားငွားဇွင့်ဇွင့် ထုတ်ဖော်ပြသနေခြင်းပင် ဖြစ်သည်။ ရှန်ဟိုင်းမြို့ကြီးက သူမ၏ လက်နှစ်ဖက်ကို ဖြန့်ကျက်ကာ ကမ္ဘာ့နိုင်ငံအသီးသီးမှ မိတ်ဆွေတို့၏ အရောက်လှမ်းလာမှုကို လှိုက်လှဲပျူငှာစွာ ကြိုဆိုလျက် ရှိနေပါသည်။