ခရီးသွားခြင်းဖြင့် ကမ္ဘာလောကနှင့် လူမှုဘဝအား ပိုမိုသာယာလှပစေခြင်း ရုပ်သံမှတ်တမ်းတို - “တောတောင်နက်ထဲက ပန်းချီဆရာရွာ”
ဗီဒီယိုကို World Tourism Alliance (WTA) မှ ပံ့ပိုးကူညီထားပါသည်။
Season (2) အပိုင်း (၃) - “တောတောင်နက်ထဲက ပန်းချီဆရာရွာ”
လုံးထန်(Longtan)ရွာသည် ဖူကျန့်(Fujian)ပြည်နယ် နီတယ်(Ningde)မြို့ ဖြီးနန်(Pingnan)ကောင်တီရှိ တောတောင်နက်ထဲတွင် တည်ရှိပြီး ယခင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွာဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် “ရွာသားသစ်” တစ်ဖွဲ့က လုံးထန်(Longtan)ရွာသို့ ရောက်ရှိလာခဲ့ပြီး အနုပညာအငွေ့အသက်များကို သယ်ဆောင်လာပေးခဲ့ပါသည်။ ယဉ်ကျေးမှုဆန်းသစ်ဖန်တီးမှု စမ်းသပ်နယ်ပယ် တည်ဆောက်ခြင်း၊ “ယဉ်ကျေးမှုဆန်းသစ်ဖန်တီးမှု - ခရီးသွားလာမှုမျိုးစေ့” ပျိုးထောင်ခြင်း၊ ကျေးရွာအခြေခံအဆောက်အဦ တည်ဆောက်မွမ်းမံခြင်း၊ အိမ်အိုအိမ်ဟောင်းများ တစ်ဖန်ပြန်လည် အသက်ဝင်ရှင်သန်ရေးအား မြှင့်တင်ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲမှုယန္တရားစနစ် ဆန်းသစ်ခြင်း အစရှိသည့် နည်းဗျူဟာများမှတစ်ဆင့် “ယဉ်ကျေးမှုဆန်းသစ်ဖန်တီးမှု - ခရီးသွားလာမှု” ဟူသည့် ကြီးပွားတိုးတက်ရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းလာနိုင်ခဲ့ပါသည်။ ယခုလက်ရှိအထိ ခရီးသွားဧည့်သည်ဦးရေမှာ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် (၂)သိန်းကျော်ရှိပြီး ရွာသူရွာသားများ၏ တစ်နှစ်ပျမ်းမျှဝင်ငွေမှာ တရုတ်ယွမ်ငွေ (၁၈၃၅၀) ရရှိပါသည်။