ပွင့်လင်းလွတ်လပ်သော တရုတ်နိုင်ငံ - ယူနန်ညှို့အား ကမ္ဘာတစ်လွှား
ဗီဒီယိုနှင့် ဓာတ်ပုံကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
ယူနန်ပြည်နယ်သည် မြေမျက်နှာသွင်ပြင် ကွဲပြားမှု၊ ရာသီဥတု ကွဲပြားမှု ၊ မျိုးစိတ် ကွဲပြားမှု၊ တိုင်းရင်းသားလူမျိုး ကွဲပြားမှု၊ ယဉ်ကျေးမှု ကွဲပြားမှု ဟူသော ထူးခြားချက် (၅) ချက်ကို ပိုင်ဆိုင်ထားပါသည်။ စုံလင်သော အရောင်အသွေးနှင့် ကဗျာ၊ ပန်းချီဆန်ဆန် ယွင်းလင်(Yunling)တောင်တန်းတို့ဖြင့် စွဲမက်ဖွယ် ပန်းချီကားတစ်ချပ်ကို ရေးဆွဲထားသကဲ့သို့ပင် ဖြစ်နေပါသည်။
ဤနေရာတွင် ခမ်းနားဆန်းကြယ်သော ခါဝါကာဘို(Kawakarpo)နှင်းတောင်၊ မြေသားထုဖြင့် ထုဆစ်ပုံဖော်ထားသော ယွမ်ရန်(Yuanyang)လှေကားထစ်စိုက်ခင်းနှင့် မြောက်ယဉ်စွန်းတန်းပေါ်ရှိ တစ်ခုတည်းသော အပူပိုင်းမိုးသစ်တောတို့ ရှိပါသည်။ ဤနေရာတွင် သင် လှည့်ကြည့်လိုက်သည်နှင့် သဘာဝတရားများကို မြင်တွေ့နိုင်ပြီး လန်ချန်း(Lancang)မြစ် - မဲခေါင်မြစ် မြစ်တစ်စင်းတည်းနှင့် နိုင်ငံ (၆) ခုကို သွယ်ဆက်ထားပါသည်။ ဤနေရာသည် လူသားတို့၏ နှလုံးသားထဲက ရှန်ဂရီလာ(Shangri-La) ဖြစ်ပေသည်။