Visiting China Online - တိဗက်ထန်ခါပန်းချီ လက်ဖျားထက်မှာ အသက်ဝင်လှုပ်ရှားနေတဲ့ အနုလက်ရာ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-09-12 20:06:12


ဗီဒီယိုကို တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယဉ်ကျေးမှုဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ထန်ခါသည် တိဗက်တိုင်းရင်းသားယဉ်ကျေးမှု၏ တစ်မူထူးခြားသော ပန်းချီအနုပညာလက်ရာပုံစံ ဖြစ်ပါသည်။ အကြောင်းအရာ အများစုသည် ဘာသာရေး၊ သမိုင်းကြောင်း၊ ဆေးပညာနှင့် ရိုးရာထုံးတမ်းဓလေ့များအကြောင်းဖြစ်ပြီး  တိဗက်တိုင်းရင်းသားများ၏ လူမှုယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်လာမှုများကို မှတ်တမ်းတင်ထားသောကြောင့် ဆီးနှင်းဒေသယဉ်ကျေးမှု၏ စွယ်စုံကျမ်းဟူ၍ပင် ခေါ်စမှတ်ပြုရလောက်ပေသည်။



နှစ်ပေါင်း ၁၃၀၀ ကျော် ဖွံ့ဖြိုးတိုးတက်လာသော သမိုင်းကြောင်းဖြစ်စဉ်တွင် တိဗက်ထန်ခါဟူသော ဤအနုပညာရပ်သည် အနုပညာရှင်များ၏ လက်ဆင့်ကမ်းဆက်ခံလာမှုနှင့် အဆက်မပြတ် တီထွင်ဖန်တီးမှုများကြောင့် ပုံစံအမျိုးမျိုးနှင့် ရေးဆွဲဟန် မတူသော ဂိုဏ်းအမျိုးမျိုးတို့ ပေါ်ထွက်လာခဲ့ပြီး ဤထန်ခါဟူသော တိုင်းရင်းသားလူမျိုးမူပိုင်ဟန်နှင့် ဘာသာရေး အရောင်အသွေးများနှင့် ပြည့်နှက်နေသော အနုပညာသည် များသထက်များသော လူများ၏ နှစ်သက်ခြင်းကို ခံခဲ့ရပါသည်။