နိုင်ငံခြားသားက လိုက်လံပြသသည့် သင်မသိသေးသော တရုတ်နိုင်ငံ ယူနန် - ကျားခုန်လျှို(Tiger Leaping Gorge)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-09-08 15:29:21


ဗီဒီယိုကို  ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။



တရုတ်နိုင်ငံတွင် မည်သည့်နေရာကမှ ယူနန်ပြည်နယ်ကဲ့သို့ အသွင်သဏ္ဌာန် စုံစုံလင်လင်ရှိသည့် တစ်ချိန်တည်းတွင်ပင် ကိုယ်ပိုင်ပင်ကိုဟန်များကို ထိန်းသိမ်းထားရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဤဗီဒီယိုသည် များစွာသော စိတ်ဝင်စားဖွယ်ပုံပြင်များမှတစ်ဆင့် ယူနန်ပြည်နယ်၏ အမျိုးမျိုးကွဲပြားသော ဆွဲဆောင်မှုများကို စူးစမ်းလေ့လာ ဝေမျှခံစားစေမည် ဖြစ်ပါသည်။



ကျားခုန်လျှို (Tiger Leaping Gorge) သည် မိုင်ထောင်ချီရှည်လျားသော ယန်ဇီမြစ်၏ အကြီးဆုံးလျှို ဖြစ်သည်။ ၎င်းသည် ဟားပါး(Haba)နှင်းတောင်နှင့် ကျောက်စိမ်းနဂါး(Yulong)နှင်းတောင်တို့အကြား ရေပြင်ညီအတိုင်း ဖြတ်သွားပြီး ခက်ထန်ကြမ်းကြုတ်သော ကျားက မြစ်လယ်ရှိ ကျောက်တုံးပေါ်သို့ ခုန်တက်ကာ မြစ်ကို ကူးဖြတ်သည့် ဒဏ္ဍာရီကြောင့် ဤသို့အမည်တွင်ခဲ့ခြင်း ဖြစ်သည်။ တောင်များ၏ မြင့်မားမှု၊ လျှိုချောက်၏ နက်ရှိုင်းမှု၊ ထည်ဝါခံ့ညားမှု၊ ထူးခြားဆန်းကြယ်မှု၊ မတ်စောက်၍ အန္တရာယ်များမှုများကြောင့် နာမည်ကျော်ကြားပြီး တရုတ်နိုင်ငံ၏ အနက်ရှိုင်းဆုံး လျှိုများအနက်မှ တစ်ခုဖြစ်သည်။



ချင်းဟိုင်(Qinghai)ပြည်နယ် ကယ်လားတန်းတုန်း(Geladaindong)နှင်းတောင်မှ မြစ်ဖျားခံလာသော ကျင်းဆား(Jinsha)မြစ်သည် မိုင်ပေါင်းများစွာ ကွာဝေးသောအရပ်မှ  ဤနေရာသို့ ခရီးနှင်ရောက်ရှိလာခဲ့ရာ ကျောက်စိမ်းနဂါး(Yulong)နှင်းတောင်နှင့် ဟားပါး(Haba)နှင်းတောင်တို့၏ အတားအဆီးများနှင့် ရုတ်တရက် ကြုံဆုံလိုက်ရ၍ မူလက ငြိမ်သက်နေသည့် မြစ်ရေသည် ချက်ချင်းပင် ဒေါသူပုန်ထကြွလာသည့်သယောင်၊ သို့မဟုတ် တစ်ရှိန်ထိုး ပြေးဆင်းပြီး ဒေါသတကြီးဖြင့် ကျယ်လောင်စွာ အော်နေသည့်သယောင်၊ ရေစီးသန်လွန်း၍ ကျောက်ခဲသလဲများ ဗလုံးဗထွေးဖြစ်ကာ အဖြူရောင်လှိုင်းလုံးများ လွင့်စင်ပျံဝဲနေသည့်သယောင်၊ သို့မဟုတ် ရေဝဲဂယက် အလိပ်လိပ်ထပြီး ရေတံခွန်မှ မြည်ဟိန်းသံများ ထွက်ပေါ်ကာ ရေခိုးရေငွေ့များဖြင့် မှုန်ရီဝေဝါးနေသော မြင်ကွင်းများသည် ကမ္ဘာပေါ်တွင် တွေ့မြင်ရခဲသည့် အံ့ဖွယ်ရာ တောတောင်ရေမြေ ရှုမျှော်ခင်းအဖြစ် ဖွဲ့စည်းတည်ရှိစေပါသည်။