ခရီးသွားခြင်းဖြင့် ကမ္ဘာလောကနှင့် လူမှုဘဝအား ပိုမိုသာယာလှပစေခြင်း ရုပ်သံမှတ်တမ်းတို - နတ်တောင်ရွာ(Shenshan cun)၏ “ပုထုဇဉ်တေး”
ဗီဒီယိုကို World Tourism Alliance (WTA) မှ ပံ့ပိုးကူညီထားပါသည်။
Season (2) အပိုင်း (၂) - နတ်တောင်ရွာ(Shenshan cun)၏ “ပုထုဇဉ်တေး”
နတ်တောင်ရွာ(Shenshan cun)သည် တရုတ်နိုင်ငံ ကျန်းရှီး(Jiangxi)ပြည်နယ် ကျင်ကန်တောင်(Jinggangshan)မြို့ မောင်းဖျင်(Maoping)ကျေးလက်ဒေသတွင် တည်ရှိပြီး ၂၀၁၄ ခုနှစ်ရှေ့ပိုင်းတွင် ဝေးလံချောင်ကျ၍ ဆင်းရဲသည့် ကျေးရွာ ဖြစ်သည်။
ကျင်ကန်တောင်(Jinggangshan) တော်လှန်ရေးခရီးသွားအောင်မြေကို အမှီပြု၍ နတ်တောင်ရွာ(Shenshan cun)သည် ဒေသတွင်းနှင့် ကိုက်ညီ၍ လက်တွေ့ကျသည့် ခရီးသွားဆင်းရဲမှုပပျောက်ရေး ဆောင်ရွက်မှုပုံစံကို တဖြည်းဖြည်းနှင့် စမ်းသပ်သိရှိခဲ့ပြီး မိမိဒေသအတွက် ကြီးပွားတိုးတက်ရေးလမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် နတ်တောင်ရွာ(Shenshan cun)သည် ခရီးသွားဧည့်သည် စုစုပေါင်း (၃၂၀၀၀၀) ဦးကို ကြိုဆိုဧည့်ခံခဲ့ပြီး ခရီးသွားဝင်ငွေ ယွမ်(၄၆၀၀၀၀၀)ကျော်ကို အကောင်အထည်ဖော် ရရှိခဲ့ကာ တောင်သူလယ်သမားများ၏ ပျမ်းမျှဝင်ငွေမှာ ယွမ် (၂၂၀၀၀) ဖြစ်သည်။
ယနေ့ နတ်တောင်ရွာ(Shenshan cun)သည် ခရီးသွားဧည့်သည် အလွန်များပြား၍ ရှုမျှော်ခင်းများမှာ ပန်းချီကားသဖွယ် လှပပြီး ရွာသူရွာသားများ၏ မျက်နှာပေါ်မှ အပြုံးများသည် ပျော်ရွှင်ကြည်နူးမှုကို ဖော်ဆောင်နေပေသည်။