“တရုတ်နိုင်ငံ - အလှပဆုံး ဥတုလေးပါး”နှင့်အတူ ရင်ခုန်ခံစား ထူးခြားလှတဲ့ ရှန်ဟိုင်းရဲ့ အလှတရား
ဗီဒီယိုနှင့် ဓာတ်ပုံကို ပေကျင်းရှင့်လွီ အင်တာနေရှင်နယ် မီဒီယာကုမ္ပဏီလီမိတက်မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ယခုရက်ပိုင်းများတွင် ရှန်ဟိုင်းမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ တင်ဆက်သည့် “တရုတ်နိုင်ငံ - အလှပဆုံး ဥတုလေးပါး” ဗီဒီယိုအတိုလက်ရာများထဲမှ နိုင်ငံခြားမိတ်ဆွေတို့၏ ခြေလှမ်းများနှင့်အတူ ရှန်ဟိုင်း၏ ထူးခြားပြောင်မြောက်ဖွယ်ရာများကို တစိမ့်စိမ့်ခံစားရင်း တစ်ကမ္ဘာလုံးအား ထူးခြားကွဲပြားလျက်ရှိသော ရှန်ဟိုင်း၏အကြောင်းကို တင်ဆက်ပြသထားသည်။
ရှန်ဟိုင်းသည် ခေတ်မီမြို့ပြကြီးဖြစ်ပြီး တိုက်တာအဆောက်အဦအမြင့် များစွာရှိပြီး ခေတ်မီအဆင်ပြေကာ သိပ္ပံနည်းပညာပေါင်း များစွာနှင့်လည်း ပြည့်နှက်နေသည်။ ရှန်ဟိုင်း၏ လမ်းများပေါ်တွင် လျှောက်လှမ်းလိုက်လျှင်ဖြင့် ကမ္ဘာ့ကုန်စည်ပြပွဲဥယျာဉ်ဝင်းပင်ဖြစ်စေ၊ ယနေ့ခေတ်အနုပညာပြတိုက်ပင်ဖြစ်စေ...... လာရောက်လည်ပတ်သူတို့အား ခေတ်မီမြို့ပြကြီး၏ လှိုက်လှဲပျူငှာမှုများဖြင့် ကြိုဆိုနေပါသည်။ ရှန်ဟိုင်းသို့ ဝင်ရောက်လိုက်သည်နှင့်ပင် ခေတ်မီခြင်းဟူသော အငွေ့အသက်များကို ထိတွေ့ခံစားရလိမ့်မည် ဖြစ်ပါသည်။
ရှန်ဟိုင်းတွင် ပဉ္စလက်ဆန်ဆန် အသွင်လေးများ ရှိရုံသာမက ပုံမှန်ဘဝနေထိုင်မှု အငွေ့အသက်များလည်း ရှိပါသေးသည်။ ရှန်ဟိုင်းအစားအသောက်များက ထူးခြားဆန်းသစ်သော ခံစားမှုမျိုးကို ပေးစွမ်းနိုင်ပြီး “လျှာပေါ်ခံစား တရုတ်အစားအစာများ”ကို ခံစားရရှိစေပါသည်။ ရှန်ဟိုင်း၏ စားကောင်းသောက်ဖွယ်ခရီးစဉ်က ခရီးသွားအယောက်တိုင်းကို ပျော်ရွှင်ချမ်းမြေ့သော အစားအသောက်သမားအဖြစ် ခံစားရစေပါလိမ့်မည်။
စစ်မှန်သော ရှန်ဟိုင်းထံ အရောက်လှမ်းလာရန် ဖိတ်ခေါ်အပ်ပါသည်။ ရောင်စုံလှပ သာယာချမ်းမြေ့သော မြို့ပြကြီး၏ ပျော်ရွှင်ဖွယ်ခရီးစဉ်ကြီးထဲတွင် အတူတကွ ခံစားစီးမျော အရောက်သွားကြပါစို့လေ။