နိုင်ငံခြားသားက လိုက်လံပြသသည့် သင်မသိသေးသော တရုတ်နိုင်ငံ ယူနန် - ရှန်ဂရီလာ (Shangri-La)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-09-01 18:45:56


ဗီဒီယိုကို  ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။



တရုတ်နိုင်ငံတွင် မည်သည့်နေရာကမှ ယူနန်ပြည်နယ်ကဲ့သို့ အသွင်သဏ္ဌာန် စုံစုံလင်လင်ရှိသည့် တစ်ချိန်တည်းတွင်ပင် ကိုယ်ပိုင်ပင်ကိုဟန်များကို ထိန်းသိမ်းထားရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဤဗီဒီယိုသည် များစွာသော စိတ်ဝင်စားဖွယ်ပုံပြင်များမှတစ်ဆင့် ယူနန်ပြည်နယ်၏ အမျိုးမျိုးကွဲပြားသော ဆွဲဆောင်မှုများကို စူးစမ်းလေ့လာ ဝေမျှခံစားစေမည် ဖြစ်ပါသည်။


ac8895218603368526a9834504baac76.jpg


ရှန်ဂရီလာ(Shangri-La)သည် တိဗက်ဘာသာတွင် “နှလုံးသားထဲမှ နေနှင့် လ” ဟု အဓိပ္ပာယ်ရသည်။ ၎င်းသည် ယူနန်ပြည်နယ် အနောက်မြောက်ဘက်တွင် တည်ရှိပြီး ယူနန်၊ စီချွမ်နှင့် တိဗက် စသည့် ပြည်နယ်သုံးခုတို့ သွယ်ဆက်ရာနေရာ ဖြစ်သည်။ ရှန်ဂရီလာ(Shangri-La)သည် (၂၀) ရာစု ၁၉၃၀ ပြည့်နှစ်ပိုင်းလောက်က ဗြိတိသျှစာရေးဆရာ James Hilton ရေးသားခဲ့သော “Lost Horizon” ဝတ္ထုတွင် ပါဝင်ခဲ့ရာမှ လူသားတို့ မျှော်မှန်းတောင့်တသော နေရာဖြစ်လာခဲ့ပြီးနောက် မကြာမီတွင်ပင် စာအုပ်နှင့် အမည်တူရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့ရာ အော်စကာဆုများစွာကို ဆွတ်ခူးရရှိခဲ့သောကြောင့် လူသိပိုများလာခဲ့ပါသည်။



ရှန်ဂရီလာသည် သမိုင်းကြောင်းရှည်ကြာပြီး သဘာဝရှုခင်းများမှာ ထည်ဝါလှပသည်။ Potatso National Park ၊ Dukezong ရှေးဟောင်းမြို့၊ Gadan Songzanlin ဘုန်းကြီးကျောင်း၊ Tiger Leaping Gorge အစရှိသည့် ခရီးသွား ရှုမျှော်ခင်းနေရာများ ရှိပါသည်။ ဆိတ်ငြိမ်အေးချမ်းသည့် အနားယူ အပန်းဖြေရာမြေ ဖြစ်ပြီး လူတိုင်း၏ စိတ်နှလုံးကို ဆွဲယူခေါ်ဆောင်ကာ တောတောင်မြစ်ချောင်း၊ ရေကန်အင်းအိုင်၊ ကြယ်စင်ကြယ်တန်း၊ တိမ်ခိုးတိမ်ငွေ့နှင့် မြက်ခင်းလွင်ပြင်များကို ဖြတ်သန်းသွားပါတော့သည်။