ခရီးသွားခြင်းဖြင့် ကမ္ဘာလောကနှင့် လူမှုဘဝအား ပိုမိုသာယာလှပစေခြင်း ရုပ်သံမှတ်တမ်းတို - သက်ရှည်ရွာ(Changshou cun)၏ “စွမ်းတန်ခိုး”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-08-31 15:29:44


WeChat Image_20210831091407.jpg


ဗီဒီယိုကို World Tourism Alliance (WTA) မှ ပံ့ပိုးကူညီထားပါသည်။



“ခရီးသွားခြင်းဖြင့် ကမ္ဘာလောကနှင့် လူမှုဘဝအား ပိုမိုသာယာလှပစေခြင်း” Season (2) ရုပ်သံမိတ်ဆက်




Season (2) အပိုင်း (၁) - သက်ရှည်ရွာ(Changshou cun)၏ “စွမ်းတန်ခိုး”


ကွမ်ရှီး(Guangxi)ပြည်နယ် ပါးမာ(Bama)ကောင်တီရှိ လူအယောက် (၁)သိန်းတိုင်းတွင် အသက်ရာကျော်ဘိုးဘွား ခန့်မှန်းခြေ (၃၁)ယောက်ခန့် ရှိပြီး ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အသက်အရှည်ဆုံးရွာ နေရာ၌ ရပ်တည်နေပါသည်။ 


ပါးမာ(Bama)ကောင်တီသည် ခရီးသွားလာမှုတိုးတက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးအား တစ်ပြိုင်တည်း စီစဉ်ဆောင်ရွက်ပြီး ၎င်းသက်ဆိုင်ရာလုပ်ငန်းတွင် ဦးစီးဦးဆောင်ပြုကာ ဒေသတစ်ခုလုံး၏ ခရီးသွားလာရေးကို ဖန်တီးလုပ်ဆောင်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ်မှစတင်၍ ကဏ္ဍမျိုးစုံ စီးပွားရှယ်ယာစနစ်ဖြင့် လုပ်ငန်းများကို တည်ထောင်ခဲ့ပြီး ဒေသတွင်းခရီးသွားလာမှု ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လုပ်ကိုင်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ် မေလ၌ ကောင်တီတစ်ခုလုံးသည် ဆင်းရဲမှုမှ လွတ်ကင်းကာ အောင်မြင်စွာဖြင့် “ခရီးသွားလာမှုတွင် အပေါင်းလက္ခဏာ၊ ဆင်းရဲနွမ်းပါးမှုတွင် အနုတ်လက္ခဏာ” ပြအောင် အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ပါသည်။