Visiting China Online - တစ်လောကလုံးကို ခြေဆန့်ခဲ့ပြီး ကွမ်ရှီးကို ချစ်မိခဲ့

အရင်းအမြစ် - ထုတ်ပြန်ချိန် - 2021-08-29 16:44:30


ဗီဒီယိုနှင့် ဓာတ်ပုံကို ကွမ်ရှီး(Guangxi) ကျွမ့်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ကွမ်ရှီး(Guangxi) ကျွမ့်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တရုတ်နိုင်ငံ တောင်ပိုင်းဒေသ၏ အနောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ဤဒေသတွင် ကွေ့လင်(Guilin)မြို့ လီကျန်း(Lijiang)မြစ်၏ Karst(ခေါ်) ထုံးကျောက်တောင်စု မြေမျက်နှာသွင်ပြင်မျိုး ရှိရုံသာမက ကျီကျန်း(Zijiang)မြစ်၏ Danxia(ခေါ်) အနီရောင်သန်းကျောက်ထရံ မြေမျက်နှာသွင်ပြင်မျိုးလည်း ရှိပြီး ကွေ့ဖင်(Guiping)မြို့ ရှီးစန်း(Xishan)တောင်၏ နှမ်းဖတ်ကျောက် ခရီးသွားနေရာ မြေမျက်နှာသွင်ပြင်မျိုးလည်း ရှိကာ ပေဟိုင်(Beihai)မြို့ ငွေရောင်ကမ်းခြေ၊ ဝေကျိုး(Weizhou)ကျွန်း အစရှိသည့် ပင်လယ်ကမ်းခြေ ခရီးသွား မြေမျက်နှာသွင်ပြင်နေရာမျိုးလည်း ရှိပါသည်။ ထို့အပြင် ကျင်းရှို့(Jinxiu)ကောင်တီ တာ့ရောင်(Dayao)တောင်၏ သဲကျောက် ခရီးသွား မြေမျက်နှာသွင်ပြင်နေရာလည်းရှိသည်။ တောတောင်ရေမြေရှုခင်း၊ ပင်လယ်ကမ်းခြေ သဘာဝရှုမျှော်ခင်း၊ နယ်စပ်ဒေသ ပုံပန်းသွင်ပြင်၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ထုံးတမ်းဓလေ့များက ကွမ်ရှီး(Guangxi)ဒေသ၏ တစ်မူထူးခြားသော ခရီးသွားအရင်းအမြစ်များအဖြစ် ဖြစ်တည်ဖော်ဆောင်လာစေခဲ့ပါသည်။