နိုင်ငံခြားသားက လိုက်လံပြသသည့် သင်မသိသေးသော တရုတ်နိုင်ငံ ယူနန် - လောင်ကျွင်းတောင်(Laojun Mountain)
ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
တရုတ်နိုင်ငံတွင် မည်သည့်နေရာကမှ ယူနန်ပြည်နယ်ကဲ့သို့ အသွင်သဏ္ဌာန် စုံစုံလင်လင်ရှိသည့် တစ်ချိန်တည်းတွင်ပင် ကိုယ်ပိုင်ပင်ကိုဟန်များကို ထိန်းသိမ်းထားရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဤဗီဒီယိုသည် များစွာသော စိတ်ဝင်စားဖွယ်ပုံပြင်များမှတစ်ဆင့် ယူနန်ပြည်နယ်၏ အမျိုးမျိုးကွဲပြားသော ဆွဲဆောင်မှုများကို စူးစမ်းလေ့လာ ဝေမျှခံစားစေမည် ဖြစ်ပါသည်။
လိကျန်း လောင်ကျွင်းတောင် (Lijiang Laojun Mountain) သည် ကမ္ဘာ့သဘာဝအမွေအနှစ်ဖြစ်သော မြစ်သုံးမြစ် အပြိုင်စီးဆင်းရာ အဓိက အစိတ်အပိုင်းများအနက်မှ တစ်ခု ဖြစ်သည်။ အမြင့်ဆုံးတောင်ထိပ်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၅၁၅) မီတာ မြင့်မားသည်။ ပေါများစုံလင်သော တောင်မြင့်ပိုင်း သဘာဝပေါက်ပင်များ၊ အဖိုးတန်ရှားပါးသော တိရိစ္ဆာန်နှင့် အပင်များ၊ များပြားလှသော ရေခဲမြစ်တိုက်စားရာမှ ဖြစ်ပေါ်လာသည့် အိုင်များ၊ ထူးခြားဆန်းကြယ်သော မြေနီတောင်ကမ်းပါးကုန်းမြင့် မြေမျက်နှာသွင်ပြင် (Danxia Landform) နှင့် နာ့ရှီး(Nakhi)တိုင်းရင်းသား၊ ပိုင်(Bai)တိုင်းရင်းသား၊ လီဆူး(Lisu)တိုင်းရင်းသား၊ ဖူမီ(Pumi)တိုင်းရင်းသား၊ ရီ(Yi)တိုင်းရင်းသား အစရှိသည့် တိုင်းရင်းသားလူမျိုးစုအသီးသီးတို့၏ အမျိုးမျိုးသော တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများသည် လောင်ကျွင်းတောင်(Laojun Mountain) ခရီးသွားရှုခင်းနေရာကို ကြည့်ရှုခံစားထိုက်ခြင်းနှင့် သိပ္ပံနည်းကျစူးစမ်းလေ့လာခြင်း တန်ဖိုးများစွာရှိသည့် တစ်မူထူးခြားသော ရှုမျှော်ခင်းနေရာအဖြစ် ဖွဲ့စည်းဖြစ်တည်လာစေပါသည်။