Visiting China Online - တစ်မူထူးခြားတဲ့ ဆောင်းရာသီ ကွေ့ကျိုးအလှ
ဗီဒီယိုနှင့်ဓာတ်ပုံကို ကွေ့ကျိုး(Guizhou)ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ကွေ့ကျိုး(Guizhou)ပြည်နယ်သည် တရုတ်နိုင်ငံ၏ အနောက်တောင်ဘက်ပိုင်းတွင် တည်ရှိပြီး သဘာဝရှုမျှော်ခင်း အလှအပ အထူးအဆန်းများနှင့် ပြည့်နှက်နေပေသည်။ ဟွမ်ကောစု(Huangguoshu)ရေတံခွန်၊ နဂါးနန်းတော်၊ ကျီကျင်း(Zhijin)လိုဏ်ဂူ၊ မာလင်ဟဲ(Malinghe)လျှိုစောက် အစရှိသည့် နိုင်ငံတော်အဆင့် လည်ပတ်စရာနေရာများနှင့် ထုံရိန်(Tongren)မြို့ရှိ ဖန်ကျင့်(Fenjing)တောင်၊ မောက်လန်(Maolan) Karst သဘာဝသစ်တော၊ ဝေးနင်(Weining)စီရင်စုရှိ ချောင်ဟိုင်(Caohai)သဘာဝရေချိုအိုင် အစရှိသည့် နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေများဖြင့် ထူးခြားလှပ များပြားစုံလင်လှကာ မြင်တွေ့ရသူတို့အဖို့ လွမ်းရယ်မပြေ တသသနှင့် တမ်းတစွဲမက်နေစေပါသည်။ ဆောင်းဥတုတွင် အအေးရှိန်ပြင်းပြင်းမရှိ၊ နွေဥတုတွင် အပူတပြင်းလည်း မရှိသော ရာသီဥတုမျိုးသည် ကွေ့ကျိုး(Guizhou)ပြည်နယ်ကို အများသူငှာတို့ တစ်ခါတစ်ခေါက်လောက် အရောက်လှမ်းလာခဲ့လိုသော ခရီးသွားနေရာနှင့် နွေရာသီအပန်းဖြေနေရာ တစ်ခုအဖြစ် ဖြစ်လာစေပါတော့သည်။