နိုင်ငံခြားသားက လိုက်လံပြသသည့် သင်မသိသေးသော တရုတ်နိုင်ငံ ယူနန် - ဆာရှီးရှေးဟောင်းမြို့(Shaxi)
ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
တရုတ်နိုင်ငံတွင် မည်သည့်နေရာကမှ ယူနန်ပြည်နယ်ကဲ့သို့ အသွင်သဏ္ဌာန် စုံစုံလင်လင်ရှိသည့် တစ်ချိန်တည်းတွင်ပင် ကိုယ်ပိုင်ပင်ကိုဟန်များကို ထိန်းသိမ်းထားရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဤဗီဒီယိုသည် များစွာသော စိတ်ဝင်စားဖွယ်ပုံပြင်များမှတစ်ဆင့် ယူနန်ပြည်နယ်၏ အမျိုးမျိုးကွဲပြားသော ဆွဲဆောင်မှုများကို စူးစမ်းလေ့လာ ဝေမျှခံစားစေမည် ဖြစ်ပါသည်။
ဆာရှီး(Shaxi)ရှေးဟောင်းမြို့ကို “လက်ဖက်ရည်-မြင်းလမ်းမကြီး(Tea Horse Road)ပေါ်ရှိ တစ်ခုတည်းကျန်ရှိနေခဲ့သော စျေးပွဲတော်” ဟူ၍ ကုလသမဂ္ဂက ချီးမွမ်းဂုဏ်ပြုခဲ့ပါသည်။ လမ်းမဟောင်း သဲနီကျောက်ပြားပြင်ထက်၌ အပန်းဖြေလမ်းလျှောက်ခြင်း၊ ရှေးဟောင်းပြဇာတ်စင်မြင့်ထက်သို့ တက်ရောက်ခြင်း၊ အရပ်လေးမျက်နှာရှိ ဆိုင်ခန်းများနှင့် မြင်းစီးခရီးသွားများ တည်းခိုသည့် တည်းခိုခန်းများကို ရှုကြည့်ခြင်း၊ ဟေးဟွေ့(Heihui)မြစ် ယွိကျင်း(Yujin)တံတားပေါ်တွင် လမ်းလျှောက်ခြင်း၊ ရှင်းကျောက်ဆစ်(Xingjiaosi)ဘုံကျောင်းသို့ သွားရောက်၍ တရုတ်နိုင်ငံ၌သာရှိသော မင်မင်းဆက်ခေတ်က ပိုင်တိုင်းရင်းသားလူမျိုးများ၏ “Azhali (Acarya)” ဗုဒ္ဓဘာသာဘုရားကျောင်းအား လေ့လာခံစားခြင်း၊ ဆာရှီးတုန့်ကျင်း(Shaxi Dongjing) ရှေးဟောင်းတေးဂီတ နားဆင်ခံစားခြင်း၊ ဆာရှီး(Shaxi)ဒေသထွက်အစားအစာများဖြစ်သော မြေဂျင်ဆင်း၊ Matsutakeမှိုနှင့် ဆိတ်နို့ကိတ်တို့ကို မြည်းစမ်းသုံးဆောင်ခြင်း စသည့် အရာအားလုံးတို့သည် နန်ကျောက်(Nanzhao)ဒေသ၏ အလှအပများကို ပေါ်လွင်ထင်ရှားစေပါသည်။