Visiting China Online - သူမတူတဲ့အလှတရားနဲ့ ကျန်းရှီးပြည်နယ်
ဗီဒီယိုကို ကျန်းရှီး(Jiangxi)ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ဓာတ်ပုံကို ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ကျန်းရှီး (Jiangxi) ပြည်နယ်သည် တရုတ်နိုင်ငံ၏ အရှေ့တောင်ဘက်ပိုင်းတွင် တည်ရှိပြီး ထွက်ကုန်ပေါများကြွယ်ဝကာ လူမှုယဉ်ကျေးမှုများ များပြားစုဝေးလျက် ရှိနေသောကြောင့် “သဘာဝ၏ အဖိုးတန်ရတနာတွေ၊ ထူးချွန်သူများနှင့် ပြည့်နှက်ရာမြေ” ဟူ၍ပင် ဆိုစမှတ်ပြုကြသည်။ ဤဒေသတွင် သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်နှင့် နေရာများ၊ ရှုခင်းသာယာ လည်ပတ်ဖွယ်ရာများ ပေါများလှကာ လူစန်းတောင် (Lushan)၊ ထိန်ဝမ်ဘုရင် (Tengwang) မျှော်စင်၊ စန်းချင်းတောင် (Sanqing)၊ ဝူ့ယွမ်ကောင်တီ (Wuyuan)၊ လုံဟူတောင် (Longhu)၊ ကျင်ကန်တောင် (Jinggang)၊ ကျင်တယ်ကျန့်မြို့ (Jingdezhen) အစရှိသည်တို့မှာ ပြည်တွင်းသာမက ကမ္ဘာတစ်ဝှမ်း ပြည်ပအထိပါ ဂုဏ်သတင်းကျော်စောလှပါသည်။