နိုင်ငံခြားသားက လိုက်လံပြသသည့် သင်မသိသေးသော တရုတ်နိုင်ငံ ယူနန် - ထန်ချုံး (Tengchong)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-08-11 17:15:33


ဗီဒီယိုကို  ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။



တရုတ်နိုင်ငံတွင် မည်သည့်နေရာကမှ ယူနန်ပြည်နယ်ကဲ့သို့ အသွင်သဏ္ဌာန် စုံစုံလင်လင်ရှိသည့် တစ်ချိန်တည်းတွင်ပင် ကိုယ်ပိုင်ပင်ကိုဟန်များကို ထိန်းသိမ်းထားရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဤဗီဒီယိုသည် များစွာသော စိတ်ဝင်စားဖွယ်ပုံပြင်များမှတစ်ဆင့် ယူနန်ပြည်နယ်၏ အမျိုးမျိုးကွဲပြားသော ဆွဲဆောင်မှုများကို စူးစမ်းလေ့လာ ဝေမျှခံစားစေမည် ဖြစ်ပါသည်။



ထန်ချုံး(Tengchong)မြို့သည်  တောင်ပိုင်းပိုးလမ်းမပေါ်ရှိ  သမိုင်းဝင်ယဉ်ကျေးမှု အထင်ကရမြို့တစ်မြို့ဖြစ်ပြီး ကိစ္စရပ်အဖြစ်အပျက်များစွာကို ဖြတ်ကျော်ခဲ့ပြီးသည့်နောက်တွင် ကြွယ်ဝစုံလင်သော သမိုင်းဝင်ယဉ်ကျေးမှုများ စုစည်းကျန်ရစ်ခဲ့ပါသည်။ နယ်စပ်ရှိ လက်ဖက်ရည်-မြင်းလမ်းမကြီး(Tea Horse Road)ပေါ်မှ မြင်းချူသံသည် တရုတ်၊ မြန်မာနှင့် အိန္ဒိယနိုင်ငံတို့၏ စီးပွားကူးသန်းရောင်းဝယ်ရေးသမိုင်းကို မှတ်တမ်းတင်ထားပါသည်။ ချွန်ချူစစ်မက်ခေတ်အခါက ကြေးဗုံမောင်းသည် နှစ်ပေါင်းနှစ်ထောင်ကျော် ရှည်ကြာ၍ ထည်ဝါတောက်ပသော ယဉ်ကျေးမှုများကို စုစည်းထားရှိပါသည်။ ကျောက်ထွင်းဗုဒ္ဓရုပ်ပွားတော်များသည် အလယ်ပိုင်းလွင်ပြင်နှင့် အရှေ့တောင်အာရှ ယဉ်ကျေးမှုဖလှယ်ခြင်း အလင်းရောင်ခြည်များဖြင့် တလက်လက် လင်းလက်နေပါသည်။ ထန်ချုံး(Tengchong)သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနယ်စပ်တွင် စွန်ကုပ်ယူထားသော တောက်ပသည့် ပုလဲရတနာတစ်လုံးပင် ဖြစ်ပေသည်။