ခရီးသွားခြင်းဖြင့် ကမ္ဘာလောကနှင့် လူမှုဘဝအား ပိုမိုသာယာလှပစေခြင်း ရုပ်သံမှတ်တမ်းတို - “မာမာ(Mama)ပန်း၏ တောင်ကုန်းမြေ”
ဗီဒီယိုကို World Tourism Alliance (WTA) မှ ပံ့ပိုးကူညီထားပါသည်။
အပိုင်း (၅) “မာမာ(Mama)ပန်း၏ တောင်ကုန်းမြေ”
နန်ယွိ(Nanyu)ရွာသည် ဟယ်ပေ(Hebei)ပြည်နယ် ပေါင်တိန့်(Baoding)မြို့ လိုက်ဆွေ(Laishui)ကောင်တီ ရယ်ဆန်းဖော(Yesanpo) ခရီးသွားရှုခင်းနေရာ အနီးတစ်ဝိုက်တွင် တည်ရှိပြီး ယခင်က သောက်ရေ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်ဝန်းကျင်စသည်များတွင် လိုအပ်ချက်များရှိသည့် ဆင်းရဲသော ကျေးရွာ ဖြစ်သည်။ ယခုနှစ်ပိုင်းတွင် နန်ယွိ(Nanyu)ရွာ ရွာသားများသည် စဉ်းစားတွေးခေါ်ပုံများ ပြောင်းလဲသွားပြီး ခရီးသွားလာခြင်းကို ဆင်းရဲမှုကင်းလွတ်ရေးလုပ်ဆောင်မှု၏ အကျိုးရှိသော လမ်းကြောင်းအဖြစ် သတ်မှတ်၍ ဒေသတွင်း ကောင်းမွန်သည့် ပတ်ဝန်းကျင်နေထိုင်မှုဂေဟစနစ်နှင့် တစ်မူထူးခြားသည့် ပထဝီဝင်အရင်းအမြစ်များကို အခိုင်အမာ တည်ရှိစေခြင်းဖြင့် ကျေးရွာခရီးသွားလာရေးကို ဖွံ့ဖြိုးတိုးတက်စေခဲ့ကာ ဆင်းရဲမှုကင်းလွတ်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းခဲ့၍ ချမ်းသာကြွယ်ဝခြင်းလမ်းပေါ်သို့ တက်လှမ်းရောက်ရှိခဲ့ပါသည်။