Visiting China Online - ခမ်းနားလှပတဲ့ ချင်းဟိုင်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-08-08 17:46:02



ဗီဒီယိုနှင့်ဓာတ်ပုံကို ချင်းဟိုင်(Qinghai)ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ချင်းဟိုင်(Qinghai)ပြည်နယ်သည် တရုတ်နိုင်ငံ အနောက်ဘက်ပိုင်းတွင် တည်ရှိပြီး ယန်စီမြစ်၊ မြစ်ဝါမြစ်နှင့် လန်ချန်းမြစ် စသည့် မြစ်ချောင်းများ၏ အရင်းအမြစ် အစပြုရာဒေသ ဖြစ်ပါသည်။


ဤ‌ဒေသတွင် တောင်တန်းများ သွယ်တန်းမြင့်မားလျက် မြေအနေအထားပုံစံ ကြွယ်ဝများပြားလှကာ မြစ်ချောင်းများ အသွယ်သွယ်အထပ်ထပ်နှင့် အင်းအိုင်ရေကန်များ ပေါများလှပေသည်။ ထို့ပြင် ရှေးခေတ်ဘုရားကျောင်းများ၊ ရှေးခေတ်ကျောက်နံရံဆေးရေးပန်းချီများ၊ ရှေးခေတ်ရဲတိုက် အဆောက်အအုံများ စသည့် ဝိသေသထူးခြားချက်များနှင့် ပြည့်စုံနေသည့် ရှေး‌‌‌‌ဟောင်းယဉ်ကျေးမှု သမိုင်းဝင်နေရာများစွာ ရှိပေသည်။



မြက်ခင်းလွင်ပြင်ကျယ်ကြီးက မြင့်ချည်ကျချည်နှင့်  ချိုင်တာ(Chaida) မြစ်ဝှမ်းကြီးကလည်း အဆုံးမရှိ ကျယ်ပြောလှပေသည်။


ဤဒေသတွင် ဟန်၊ တိဗက်၊ ဟွေ၊ မွန်ဂို၊ ထူ၊ ကာဇက်စတန်၊ ဆာလာ စသည့် တိုင်းရင်းသားလူမျိုးများက မိမိတို့၏ တစ်မူထူးခြားပြီး အရောင်အသွေးစုံလင်လှသည့် ရိုးရာဓလေ့ထုံးတမ်းနှင့် အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကာ အတူယှဉ်တွဲ နေထိုင်လျက်ရှိကြပါသည်။