နိုင်ငံခြားသားက လိုက်လံပြသသည့် သင်မသိသေးသော တရုတ်နိုင်ငံ ယူနန် - ဟယ်ရွှန့်(Heshun)
ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
တရုတ်နိုင်ငံတွင် မည်သည့်နေရာကမှ ယူနန်ပြည်နယ်ကဲ့သို့ အသွင်သဏ္ဌာန် စုံစုံလင်လင်ရှိသည့် တစ်ချိန်တည်းတွင်ပင် ကိုယ်ပိုင်ပင်ကိုဟန်များကို ထိန်းသိမ်းထားရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဤဗီဒီယိုသည် များစွာသော စိတ်ဝင်စားဖွယ်ပုံပြင်များမှတစ်ဆင့် ယူနန်ပြည်နယ်၏ အမျိုးမျိုးကွဲပြားသော ဆွဲဆောင်မှုများကို စူးစမ်းလေ့လာ ဝေမျှခံစားစေမည် ဖြစ်ပါသည်။
ဟယ်ရွှန့်(Heshun)ရှေးဟောင်းမြို့သည် နှစ်ပေါင်း (၆၀၀) သမိုင်းကြောင်းရှိသော နယ်စပ်မြို့လေးဖြစ်ပြီး လမ်းအိုလမ်းဟောင်းများ၊ ကျောက်ပြားခင်းလမ်းများ၊ ရှေးလူကြီးဘိုးဘေးများအား ကန်တော့သည့် ဘုံကျောင်းများ၊ မုခ်ဝများသည် မင်ခေတ်နှင့် ချင်ခေတ်အခါက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ လမ်းကြားထဲသို့ ဝင်သွားလိုက်လျှင် ပြောင်မြောက်လှပစွာ ထွင်းလုပ်ထားသော ကျောက်စိမ်းထည်များ၊ ရှေးဟောင်းဆန်ဆန် သစ်သားပစ္စည်းများ၊ အရောင်အသွေး စုံလင်တောက်ပသော ပိုးဖဲများ…… စသဖြင့်တို့ကို မျက်စိရှေ့ နေရာတိုင်းတွင် တွေ့မြင်နိုင်ပါသည်။ ဤတွင် လယ်ကွင်းပြင်ရှုခင်းများ၏ အလှရသခံစားမှု၊ တံတားငယ်အောက် တသွင်သွင် စီးဆင်းနေသော ရေစီးကြောင်းများ၏ သူမတူလှပမှု၊ သမိုင်းယဉ်ကျေးမှုများ၏ သက်တမ်းရှည်ကြာထွန်းတောက်မှုနှင့် ရိုးရာဓလေ့များ၏ သိမ်မွေ့နူးညံ့ပြီး သဟဇာတဖြစ်မှုတို့ကို လေ့လာခံစားနိုင်မည် ဖြစ်ပါသည်။