ခရီးသွားခြင်းဖြင့် ကမ္ဘာလောကနှင့် လူမှုဘဝအား ပိုမိုသာယာလှပစေခြင်း ရုပ်သံမှတ်တမ်းတို - “အနုပညာရှင် ကျွန်မ”

အရင်းအမြစ် - 仰光中国文化中心ထုတ်ပြန်ချိန် - 2021-08-03 15:35:54


WeChat Image_20210713091145.jpg


ဗီဒီယိုကို World Tourism Alliance (WTA) မှ ပံ့ပိုးကူညီထားပါသည်။



အပိုင်း (၄) “အနုပညာရှင် ကျွန်မ”


ကျုံးလျောက်(Zhongliao)ရွာသည် ဟိုင်နန်(Hainan)ပြည်နယ် ဆန်းရ(Sanya)မြို့ ကျီယန်(Jiyang)ဒေသတွင် တည်ရှိပါသည်။ ၂၀၁၇ခုနှစ် ဧပြီလတွင် OCT(Overseas Chinese Town) Hainan Group သည် ကျုံးလျောက်(Zhongliao)ရွာ၌ လာရောက်အခြေစိုက်ပြီးနောက် ရွာအတွင်းရှိ ရေမြေရှုခင်းအလှအပများ ထိန်းသိမ်းခြင်း၏ အခြေခံပေါ်တွင် ကျေးရွာတည်တံ့ရှင်သန်ရေး သဘာဝစည်းမျဉ်းများကို အလေးထားလိုက်နာပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၏ ယဉ်ကျေးမှုအရင်းခံကို လေးစားကာ ကျုံးလျောက်(Zhongliao)ရွာ အဆင့်မြှင့်တင် ပြုပြင်မွမ်းမံရေးကို ဆောင်ရွက်ခဲ့ပါသည်။


WeChat Image_20210803095932.jpg


သဘာဝဂေဟစနစ်သရုပ်ဖော်မှု၏ ပြင်ဆင်လုပ်ဆောင်မှုနှင့် တိုးမြှင့်ဖြန့်ဝေမှုများမှတစ်ဆင့် ရွာသူရွာသားများအား အနုပညာရှင်များ ဖြစ်လာစေပြီး တောင်ကို နောက်ခံရှုခင်းအဖြစ်လည်းကောင်း၊ ရေကို ဖျော်ဖြေရေးစင်မြင့်အဖြစ်လည်းကောင်း ထားရှိ၍ ရေမြေတောတောင်၊ ကျေးလက်တောရွာ၊ အနုပညာရှင်များနှင့် ခရီးသွားဧည့်သည်များ ရောယှက်ပေါင်းစပ်ကာ “ယဉ်ကျေးမှုခရီးသွားလာရေး + လှပသော ကျေးလက်တောရွာတည်ဆောက်မှု”၏ တမူထူးခြားတိကျသည့် ဆင်းရဲမှု ဖေးမကူညီရေးလမ်းကြောင်းအား ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ကောင်းမွန်သော လူမှုအဖွဲ့အစည်းအကျိုးရလဒ်နှင့် စီးပွားရေးအကျိုးရလဒ်များကို ရယူပေးနိုင်ခဲ့ပါသည်။