Visiting China Online - အရောင်အသွေးစုံလှတဲ့ အံ့မခန်းကျီလင်အလှ
ဗီဒီယိုနှင့် ဓာတ်ပုံကို ကျီလင်(Jilin)ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ကျီလင်(Jilin)ပြည်နယ်သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၏ အလယ်ပိုင်းတွင် တည်ရှိပြီး ဤဒေသတွင် ဥတုလေးပါး သိသာကွဲပြားကာ သာယာလှပ အံ့မခန်းဖွယ်အလှများနှင့် ပြည့်နှက်နေပါသည်။ နွေဦးကာလတွင် နေရာအနှံ့ ပန်းပေါင်းစုံတို့ ပွင့်လန်းနေပြီး စိမ်းစိုရှင်သန် နိုးကြားတက်ကြွဟန် ရှိနေသောကြောင့် နွေဦးရာသီ အလည်အပတ်သွားခြင်းနှင့် ပန်းအလှတို့ ရှုစားရန်အတွက် ကြည်နူးဖွယ်ရာဌာနေ ဖြစ်ပေသည်။ နွေကာလတွင် တောင်တန်းပြာပြာ ရေကြည်အေးနှင့် အေးမြလန်းဆန်းလှပြီး အပူပြင်းပြင်း နွေရာသီတွင် အပန်းဖြေအနားယူစရာ နေရာကောင်းပင် ဖြစ်ပါသည်။ ဆောင်းဦးကာလတွင် တိမ်ဖျော့ဖျော့ လေတညင်းညင်းနှင့် အရောင်အသွေးတို့ စုံလင်ကြွယ်ဝကာ မေပယ်ရွက်အလှကို ရှုစားပြီး ဓာတ်ပုံရိုက် ခံစားစီးမြောနိုင်ရန် အလှပဆုံးနေရာပင် ဖြစ်ပေသည်။ ဆောင်းကာလတွင် မြူဆိုင်းဝေဆာ နှင်းလွှာပျံ့လွင့်လျက် ရိုးရာအငွေ့အသက် အပြည့်အဝနှင့် ရေခဲဆီးနှင်းနတ်ဘုံနတ်နန်းသဖွယ် ဖြစ်နေပါသည်။