နိုင်ငံခြားသားက လိုက်လံပြသသည့် သင်မသိသေးသော တရုတ်နိုင်ငံ ယူနန် - တာ့လီ(Dali)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-07-28 14:52:24


ဗီဒီယိုကို  ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။



တရုတ်နိုင်ငံတွင် မည်သည့်နေရာကမှ ယူနန်ပြည်နယ်ကဲ့သို့ အသွင်သဏ္ဌာန် စုံစုံလင်လင်ရှိသည့် တစ်ချိန်တည်းတွင်ပင် ကိုယ်ပိုင်ပင်ကိုဟန်များကို ထိန်းသိမ်းထားရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဤဗီဒီယိုသည် များစွာသော စိတ်ဝင်စားဖွယ်ပုံပြင်များမှတစ်ဆင့် ယူနန်ပြည်နယ်၏ အမျိုးမျိုးကွဲပြားသော ဆွဲဆောင်မှုများကို စူးစမ်းလေ့လာ ဝေမျှခံစားစေမည် ဖြစ်ပါသည်။



တာ့လီ(Dali) ရှေးဟောင်းမြို့သည် ရေမြေတောတောင်ရှုခင်းများရှိခြင်းကြောင့် ပတ်ဝန်းကျင် လှပသာယာပြီး ယဉ်ကျေးမှုရှုမြင်ကွင်းများမှာ ရှေးဆန်ဆန် ရိုးရှင်း၍ ကျက်သရေရှိလှသည်။  အယ်ဟိုင်ပါ့ဇီ(Erhai bazi)တွင် ရာသီဥတုနွေးထွေး၍ မြေဆီဩဇာကောင်းမွန်ပြီး လယ်ကွင်းပြင်ရှုခင်းသည် ရှင်သန်ခြင်းအငွေ့အသက်များဖြင့် လွှမ်းခြုံနေပါသည်။ ဤဒေသရှိ တောတောင်ရေမြေများ၏ များပြားကြွယ်ဝသော သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များနှင့် ခမ်းနားစုံလင်သော တိုင်းရင်းသားဓလေ့ရိုးရာတို့ လိုက်ဖက်ညီစွာ ပေါင်းစပ်ရာမှ သာယာလှပခမ်းနားသော ကုန်းပြင်မြင့်ရှုမျှော်ခင်းများ ဖွဲ့စည်းဖြစ်တည်လာပါသည်။