ခရီးသွားခြင်းဖြင့် ကမ္ဘာလောကနှင့် လူမှုဘဝအား ပိုမိုသာယာလှပစေခြင်း ရုပ်သံမှတ်တမ်းတို - “ကျေးရွာအလှမြေ အန်းဝေးတွင်”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-07-27 17:47:07


WeChat Image_20210713091145.jpg


ဗီဒီယိုကို World Tourism Alliance (WTA) မှ ပံ့ပိုးကူညီထားပါသည်။



အပိုင်း (၃) “ကျေးရွာအလှမြေ အန်းဝေးတွင်”


အသက် (၆၂)နှစ်အရွယ်ရှိ Mr. Dong Jinhe သည် ၂၀၁၃ ခုနှစ်တွင် အန်းဝေး(Anhui)ပြည်နယ် ကျင်းကျိုက်(Jinzhai)ကောင်တီ၌ တည်ရှိသော ရှောင်နန်ကျင်း(Xiaonanjing)ရွာ ဇာတိအိမ်သို့ ပြန်လာခဲ့ပြီး ကျေးရွာခရီးသွားလာခြင်းဖြင့် ဆင်းရဲမှုဖေးမကူညီရေးစီမံကိန်းတွင် ပါဝင်ကာ “ကျင်းဟယ်(Jinhe) လေ့လာရေးဥယျာဉ်” ကို တည်ထောင်ခဲ့ပါသည်။ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း ကြိုးကြိုးစားစားနှင့် လယ်ယာစိုက်ပျိုးလုပ်ကိုင်၍ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ခဲ့ပြီးနောက်တွင် နဂိုက ဆင်းရဲသည့် တောင်ပေါ်ရွာလေးကို တာ့ပြယ်(Dabie)တောင် ရိုးရာလယ်ထွန်ယက်စိုက်ပျိုးရေး ယဉ်ကျေးမှု ပြသရာ အမိုးဟင်းလင်းဖွင့်ပြတိုက်အဖြစ် လူသိများ ကျော်ကြားလာစေခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် နိုင်ငံ့ 4A အဆင့်ရှိ ခရီးသွားလာခြင်းဖြင့် ဆင်းရဲမှုဖေးမကူညီရေး သရုပ်ပြနယ်မြေနှင့် “လယ်ယာစိုက်ပျိုး‌ရေးဝန်ကြီးဌာန တရုတ်နိုင်ငံ သာယာလှပအေးချမ်းသော ကျေးရွာ” အဖြစ် အကဲဖြတ်သတ်မှတ်ခြင်းခံခဲ့ရပါသည်။