Visiting China Online - အနားသတ်မရှိ ခမ်းနားထည်ဝါပေ ကျယ်ပြောလှပတဲ့ လျောင်နင်ပြည်နယ်မြေ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-07-25 16:11:16


ဗီဒီယိုနှင့် ဓာတ်ပုံကို လျောင်နင်(Liaoning)ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



လျောင်နင်(Liaoning)ပြည်နယ်သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး ဤဒေသတွင် ဥတုလေးပါး သိသာကွဲပြားကာ အရောင်အသွေး လှပစုံလင်လှပေသည်။ နွေဦးကာလတွင် ပန်းပေါင်းစုံတို့ ဝေဆာပွင့်လန်းနေပြီး နွေကာလတွင် အရာခပ်သိမ်းတို့ နိုးကြားရှင်သန်လာကာ ဆောင်းဦးကာလတွင် တောင်စဉ်တောနက်အကြား ဆေးရောင်ခြယ်မှုန်းထားသည့်အလား ရှိနေပြီး ဆောင်းကာလတွင် ငွေနှင်းဖြူအလှအပများနှင့် ပြည့်စုံနေပါသည်။



လျောင်နင်(Liaoning)ပြည်နယ်တွင် ရှုမျှော်ခင်း အလှအပများစွာရှိပြီး အလွန်တရာမှ ဆွဲ‌ဆောင်မှုရှိလှပါသည်။ ဆန်ရန်‌မြို့(Shenyang) ရှေးဟောင်းနန်းတော်၊ ဖန်ကျင်မြို့(Panjin) ကမ်းခြေနီ၊ တလျန်မြို့(Dalian) ရွှေရောင်ကျောက်ကမ်းခြေ၊ ပန်ရှီးမြို့(Benxi) ရေလိုဏ်ဂူ၊ အန်းစန်းမြို့(Anshan) ချန်စန်းတောင်၊ ရှင့်ချိန်(Xingcheng) ပင်လယ်ကမ်းစပ် အစရှိသည့် ခရီးသွားနေရာတို့တွင် ဆွဲဆောင်မှုအရောင်အဝါများ ဖြန့်ကျက်လျက် ရှိနေပါသည်။