နိုင်ငံခြားသားက လိုက်လံပြသသည့် သင်မသိသေးသော တရုတ်နိုင်ငံ ယူနန် - ဝေးရှန်း တုန်းလျန်ဟွား(Weishan Donglianhua)
ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
တရုတ်နိုင်ငံတွင် မည်သည့်နေရာကမှ ယူနန်ပြည်နယ်ကဲ့သို့ အသွင်သဏ္ဌာန် စုံစုံလင်လင်ရှိသည့် တစ်ချိန်တည်းတွင်ပင် ကိုယ်ပိုင်ပင်ကိုဟန်များကို ထိန်းသိမ်းထားရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဤဗီဒီယိုသည် များစွာသော စိတ်ဝင်စားဖွယ်ပုံပြင်များမှတစ်ဆင့် ယူနန်ပြည်နယ်၏ အမျိုးမျိုးကွဲပြားသော ဆွဲဆောင်မှုများကို စူးစမ်းလေ့လာ ဝေမျှခံစားစေမည် ဖြစ်ပါသည်။
ယူနန်ပြည်နယ် တာ့လီ(Dali) တောင်ဘက်ပိုင်းရှိ ဝေးရှန်း ပါ့ဇီ (Weishan bazi)တွင် ရှေးဟောင်းအငွေ့အသက်များ ထုံမွမ်းနေသော ပြည်ပတရုတ်လူမျိုးများ စုဝေးနေထိုင်ကြသည့် “တုန်းလျန်ဟွား(Donglianhua)” အမည်ရ ကျေးရွာတစ်ရွာ ရှိပါသည်။ ဤသမိုင်းသက်တမ်းရှည်ကြာသော ဟွေတိုင်းရင်းသားကျေးရွာသည် တစ်ချိန်က ရှေးဟောင်းလက်ဖက်ရည်-မြင်းလမ်းမကြီး (Tea Horse Road) ၏ အရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းနေရာတစ်ခု ဖြစ်သည့်အတွက်ကြောင့်ပင် တိုးတက်တွင်ကျယ်သည့် မြင်းကုန်သွယ်ရေးအဖွဲ့၏ ဂုဏ်သတင်းမှာ သင်းပျံ့ကျော်စောခဲ့လေသည်။ ၂၀ ရာစု ၁၉၄၀ ပြည့်နှစ်ပိုင်းတွင် ရွာအတွင်းရှိ မြင်းကုန်သွယ်ရေးအဖွဲ့ခေါင်းဆောင်အချို့ ပြည်ပသို့ ရွှေ့ပြောင်းနေထိုင်သွားခဲ့ကြ၍ ဇာတိမြေတွင် ယဉ်ကျေးမှုများစွာ ရောနှောပေါင်းစည်းထားသော နေအိမ်ခြံဝင်းများသာ ကျန်ရစ်ခဲ့ပြီး အတိတ်က ကုန်သည်အများအပြား စုဝေးခဲ့ကြသည့် စည်ကားတိုးတက်ပုံများကို တိတ်တဆိတ် ဖော်ပြနေကြပါသည်။