ခရီးသွားခြင်းဖြင့် ကမ္ဘာလောကနှင့် လူမှုဘဝအား ပိုမိုသာယာလှပစေခြင်း ရုပ်သံမှတ်တမ်းတို - “စိတ်ချင်းဆက် လက်ချင်းယှက်”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-07-20 16:07:01


WeChat Image_20210713091145.jpg


ဗီဒီယိုကို World Tourism Alliance (WTA) မှ ပံ့ပိုးကူညီထားပါသည်။



အပိုင်း (၂) “စိတ်ချင်းဆက် လက်ချင်းယှက်”


လယ်ယာစိုက်ပျိုးရေးအတတ်ပညာရှင် Ms. Lan Haiyan သည် မိုင်ပေါင်းများစွာကွာဝေးသော ကျဲ့ကျန်း(Zhejiang)ပြည်နယ် ဟန်ကျိုး(Hangzhou)မြို့မှ ကွေ့ကျိုး(Guizhou)ပြည်နယ် ချန်တုန်းနန်(Qiandongnan) မြောင်တိုင်းရင်းသားနှင့် တုန့်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချုံကျန်း(Congjiang)ကောင်တီသို့ လာရောက်ပြီး ကျဲ့ကျန်း(Zhejiang)၏ လုပ်ကိုင်ဆောင်ရွက်မှုအတွေးအမြင်နှင့် စီမံခန့်ခွဲမှုနည်းလမ်းများကို ဤနေရာသို့ ယူဆောင်လာခဲ့ပါသည်။ ဤနေရာရှိ သဘာဝပတ်ဝန်းကျင်၊ တိုင်းရင်းသားရိုးရာဓလေ့၊ လက်ရာမြောက်စားဖွယ်ရာများ အစရှိသည့် သာလွန်ကောင်းမွန်သော အရင်းအမြစ်များကို အသုံးချ၍ ပြောင်မြောက်လှသည့် ခရီးသွားရှုမြင်ကွင်းများ၊ တည်းခိုအိမ်ရာများနှင့် ခရီးစဉ်လမ်းကြောင်းများကို ဖြစ်ထွန်းပေါ်ပေါက်လာစေခဲ့သဖြင့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည် အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးခဲ့ပါသည်။