Visiting China Online - မင်းနေပြည်တော်အနားဝန်းကျင်က ကျက်သရေအဖြာဖြာနဲ့ပြည့်စုံတဲ့ ဟိုပေရဲ့အလှ
ဗီဒီယိုနှင့် ဓာတ်ပုံကို ဟိုပေ(Hebei)ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ဟိုပေ(Hebei)ပြည်နယ်သည် တရုတ်နိုင်ငံ၏ မြောက်ဘက်ပိုင်းဒေသတွင် တည်ရှိပြီး တရုတ်နိုင်ငံ၏ တစ်ခုတည်းသော ကုန်းပြင်မြင့်၊ တောင်ကုန်း၊ တောင်တန်း၊ မြေပြန့်လွင်ပြင်၊ ရေကန်အင်းအိုင်နှင့် ပင်လယ်ကမ်းစပ်များအားလုံး ရှိနေသော ပြည်နယ်တစ်ခု ဖြစ်ပါသည်။
ဟိုပေ(Hebei)ပြည်နယ်တွင် ယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းဝင်နေရာများ အများအပြားရှိပြီး မဟာတံတိုင်းကြီး၊ ချိန်တဲ(Chengde) နွေရာသီအပန်းဖြေစခန်းနှင့် ၎င်းအနီးအနားရှိ ဘုရားကျောင်း၊ ချင်မင်းဆက် အရှေ့ပိုင်းဂူဗိမာန်၊ ချင်မင်းဆက် အနောက်ပိုင်းဂူဗိမာန် အစရှိသည့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များစွာ ရှိနေပေသည်။
ဟိုပေ(Hebei)ပြည်နယ်၏ ခရီးသွားအရင်းအမြစ်များ အလွန်ပေါများကြွယ်ဝလှပါသည်။ ချင်ဟွာကျွန်းမြို့(Qinhuangdao) ပေသိုက်မြစ်(Beidai) ပင်လယ်ကမ်းစပ်ခရီး၊ ချိန်တဲ(Chengde) နွေရာသီအပန်းဖြေစခန်း အစရှိသည့် လူမှုယဉ်ကျေးမှုနှင့် သမိုင်းဝင်နေရာများခရီး၊ မြောက်ဘက်ပိုင်းရှိ “ပစောက်”(Ba shang)ဟုခေါ်သော ကုန်းပြင်မြင့်မြက်ခင်းလွင်ပြင်ခရီး၊ ပေါင်တင့်မြို့(Baoding) ပိုင်ယန်ကန်(Baiyang) ကန်ရေပြင်ခရီး၊ ဝူချောင်ဆပ်ကပ်(Wuqiao) အစရှိသည့် ကျေးလက်ရိုးရာဒေသခရီး၊ ကျန်းကျားခိုမြို့(Zhangjiakou) ချုံလီဒေသ(Chongli)၏ ရေခဲဆီးနှင်းခရီး၊ လိုင်ရွှေကောင်တီ(Laishui) ရဲဆန်းပေါ်(Yesanpo) တောင်တန်းရှုမျှော်ခင်းခရီးများ အစရှိသည်တို့မှာ ကိုယ်ပိုင်ထူးခြားချက်ကိုယ်စီ ရှိကြပါသည်။