နိုင်ငံခြားသားက လိုက်လံပြသသည့် သင်မသိသေးသော တရုတ်နိုင်ငံ ယူနန် - ဝေးရှန်း(Weishan)
ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
တရုတ်နိုင်ငံတွင် မည်သည့်နေရာကမှ ယူနန်ပြည်နယ်ကဲ့သို့ အသွင်သဏ္ဌာန် စုံစုံလင်လင်ရှိသည့် တစ်ချိန်တည်းတွင်ပင် ကိုယ်ပိုင်ပင်ကိုဟန်များကို ထိန်းသိမ်းထားရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဤဗီဒီယိုသည် များစွာသော စိတ်ဝင်စားဖွယ်ပုံပြင်များမှတစ်ဆင့် ယူနန်ပြည်နယ်၏ အမျိုးမျိုးကွဲပြားသော ဆွဲဆောင်မှုများကို စူးစမ်းလေ့လာ ဝေမျှခံစားစေမည် ဖြစ်ပါသည်။
နန်ကျောက်(Nanzhao)တိုင်းပြည်သည် ထန်ခေတ်အခါက အနောက်တောင်ပိုင်းဒေသတွင် အင်အားအကြီးမားဆုံးနှင့် အကြွယ်ဝအချမ်းသာဆုံးသော တိုင်းပြည်ဖြစ်ပြီး ဝေးရှန်း(Weishan)ရှေးဟောင်းမြို့သည် နန်ကျောက်(Nanzhao)ယဉ်ကျေးမှု၏ မူလဖြစ်တည်ရာမြေ ဖြစ်သည်။ များပြားလှသော ဘုရားကျောင်းများနှင့် အသွင်သဏ္ဌာန်အမျိုးမျိုးသော သဘာဝရှုခင်းများသည် အချင်းချင်း အဝေးမှလှမ်း၍ လိုက်ဖက်ညီစွာ ပံ့ပိုးထောက်ပံ့ပေးနေကြပါသည်။ ရှေးဆန်သော ရိုးရာဓလေ့ထုံးတမ်းများ၊ သဟဇာတဖြစ်သော ရာသီဥတုနှင့် နက်နဲသော ယဉ်ကျေးမှုအနှစ်သာရများသည် ဝေးရှန်းသူ၊ ဝေးရှန်းသားများ၏ အေးချမ်းတည်ငြိမ်သော နေထိုင်မှုဘဝ စိတ်ထားအမူအကျင့်စရိုက်ကို ဖြစ်ထွန်းစေခဲ့ပါသည်။