ခရီးသွားခြင်းဖြင့် ကမ္ဘာလောကနှင့် လူမှုဘဝအား ပိုမိုသာယာလှပစေခြင်း ရုပ်သံမှတ်တမ်းတို - “ကျန်းပျန်း(Jiangbian)တည်းခိုအိမ်ရာ”
ဗီဒီယိုကို World Tourism Alliance (WTA) မှ ပံ့ပိုးကူညီထားပါသည်။
“ခရီးသွားခြင်းဖြင့် ကမ္ဘာလောကနှင့် လူမှုဘဝအား ပိုမိုသာယာလှပစေခြင်း” Season (1) ရုပ်သံမိတ်ဆက်
အပိုင်း (၁) “ကျန်းပျန်း(Jiangbian)တည်းခိုအိမ်ရာ”
ကျင်းကျန်း(Jinjiang)ကျေးရွာ ကျန်းပျန်း(Jiangbian)စခန်းသည် ကွမ်ရှီးကျွမ့်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကွေ့လင်(Guilin)မြို့ လုံရှန့်(Longsheng)ကောင်တီ တောတောင်အနက်ပိုင်းတွင် တည်ရှိသော ကျေးရွာစခန်းငယ်လေးဖြစ်သည်။ ယခုနှစ်ပိုင်းတွင် ရွာသားများသည် ကျန်းပျန်း(Jiangbian)တည်းခိုအိမ်ရာများကို တည်ဆောက်လုပ်ဆောင်ခြင်းမှတစ်ဆင့် အကျိုးတူစီးပွားရေးနှင့် ခရီးသွားလုပ်ငန်းကို ပေါင်းစပ်ထားသည့် ဆင်းရဲမှုလျှော့ချရေးပုံစံအသစ်ကို ရှာဖွေတွေ့ရှိခဲ့ကြပါသည်။တည်းခိုအိမ်ရာ(၆)လုံးကို ရှေ့ဆင့်နောက်ဆင့် ဆောင်ရွက်လုပ်ကိုင်နိုင်ခဲ့ပြီး ရွာသားများ၏ လစဉ်ဝင်ငွေကို (၅၀)ရာခိုင်နှုန်းအထိ တိုးတက်ပွားများစေခဲ့သဖြင့် ရွာသူရွာသားများ၏ လူနေမှုဘဝအခြေအနေ အဆင့်အတန်းကို ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲနိုင်ခဲ့ပါသည်။