Visiting China Online - အံ့မခန်းဖွယ်ရာ တိဗက်အလှတရား

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-07-11 17:01:34



ဗီဒီယိုကို People’s Daily ခေတ်သစ်မီဒီယာနှင့် Visual China Group(VCG) တို့မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



တိဗက်ဒေသသည် တရုတ်နိုင်ငံ၏ အနောက်တောင်ဘက်ပိုင်းတွင် တည်ရှိပြီး “ကမ္ဘာ့ခေါင်မိုး” ဟူ၍ပင် ပြောစမှတ်ပြုကြကာ ကမ္ဘာပေါ်တွင် ပင်လယ်ရေမျက်နှာပြင် အမြင့်မားဆုံးနေရာဖြစ်သည်။



ဤဒေသတွင် ခမ်းနားလှပသော မြစ်ချောင်းအင်းအိုင်နှင့် မြက်ခင်းလွင်ပြင် စားကျက်မြေ များစွာရှိပြီး ဤဒေသထွက် “Chhaang” ခေါ် ရိုးရာဘီယာနှင့်  ထောပတ်ဆီမွှေးလက်ဖက်ရည်တို့သည် အလွန်တရာမှ ရနံ့သင်းပျံ့ကာ ဤဒေသသည် တေးသီချင်းအကအလှနှင့် ဒဏ္ဍာရီပုံပြင်တို့၏ ဇာတိဌာနေပင်ဖြစ်သည်။ 



တိဗက်တွင် သမိုင်းဝင်နှင့် သဘာဝပသာဒ ရှုမငြီးဖွယ် ရှုမျှော်ခင်းပေါင်း အမြောက်အမြားရှိပြီး ခရီးသွားများနှင့် ဘုရားဖူးဝတ်ပြုသူများ သွားရောက်လိုသော အရပ်ပင်ဖြစ်ပေသည်။ ကျွန်မတို့၏ တင်ဆက်မှုများနှင့်အတူ ဖန်သားပြင်ပေါ်မှတစ်ဆင့် “အံ့မခန်းဖွယ်ရာ တိဗက်အလှတရား”များကို အတူတကွ ခံစားကြည့်ရှုလိုက်ကြရအောင်လားရှင့်။