နိုင်ငံခြားသားက လိုက်လံပြသသည့် သင်မသိသေးသော တရုတ်နိုင်ငံ ယူနန် - ကူမင်း(Kunming)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-07-07 14:03:28



ဗီဒီယိုကို  ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။


တရုတ်နိုင်ငံတွင် မည်သည့်နေရာကမှ ယူနန်ပြည်နယ်ကဲ့သို့ အသွင်သဏ္ဌာန် စုံစုံလင်လင်ရှိသည့် တစ်ချိန်တည်းတွင်ပင် ကိုယ်ပိုင်ပင်ကိုဟန်များကို ထိန်းသိမ်းထားရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဤဗီဒီယိုသည် များစွာသော စိတ်ဝင်စားဖွယ်ပုံပြင်များမှတစ်ဆင့် ယူနန်ပြည်နယ်၏ အမျိုးမျိုးကွဲပြားသော ဆွဲဆောင်မှုများကို စူးစမ်းလေ့လာ ဝေမျှခံစားစေမည် ဖြစ်ပါသည်။



ကူမင်းသည် သဘာဝနှင့် ယဉ်ကျေးမှုဆိုင်ရာ ရှုမြင်ကွင်းများ စုဝေးပေါင်းစည်းရာနေရာ ဖြစ်သည်။ သက်တမ်းရှည်ကြာသော သမိုင်းယဉ်ကျေးမှုနှင့် တမူထူးခြားသော ပထဝီမြေအနေအထားဖွဲ့စည်းပုံတို့သည် ကူမင်းတွင် ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များနှင့် အထင်ကရ ရှုမျှော်ခင်းနေရာများစွာတို့ကို ချန်ရစ်ထားခဲ့ပါသည်။ ကူမင်းရှိ တိုင်းရင်းသား ညီနောင်သားချင်းအပေါင်းတို့သည် ဖော်ရွေပျူငှာကြပြီး အဆိုအကပိုင်နိုင်ကာ တိုင်းရင်းဓလေ့ ရိုးရှင်းလှသည်။ လူမှုပေါင်းသင်းဆက်ဆံရေးယဉ်ကျေးမှု၊ အရသာထူးကဲသည့် အစားအသောက်များနှင့် အရောင်အသွေးစုံလင်သည့် အဝတ်တန်ဆာများသည်လည်းကောင်း၊ ဓလေ့ပုံစံအမျိုးမျိုးသော လူနေအိမ်အဆောက်အဦများနှင့် စိတ်ဝင်စားဖွယ်အငွေ့အသက်များဖြင့် ပြည့်နှက်နေသော မင်္ဂလာဆောင် ဓလေ့ထုံးတမ်းများသည်လည်းကောင်း၊ အားလုံးတို့သည် မြင်ရသူတို့အား တောက်ပလှသော တိုင်းရင်းသား ဝိသေသလက္ခဏာများကို ခံစားစေနိုင်ပါသည်။