တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းဖြင့် ဆင်းရဲမှုကင်းလွတ်ရေး လက်တွဲခေါ်ဆောင်မှု စံသာဓကများ ဓာတ်ပုံပြပွဲ (ပဉ္စမပိုင်း)

အရင်းအမြစ် - ထုတ်ပြန်ချိန် - 2021-07-06 16:38:46



ဆင်းရဲမှုပပျောက်စေရန် ဆောင်ရွက်ရေးသည် လူသားမျိုးနွယ်များ အားလုံး၏ တူညီသော တာဝန်ပင် ဖြစ်သည်။ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား အကြီးမားဆုံးနိုင်ငံ ဖြစ်သည့်အလျောက် ဆင်းရဲမှု ပပျောက်စေရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေမှုဖြစ်စဉ်တွင် တရုတ်နိုင်ငံသည်လည်း  ခရီးသွားလုပ်ငန်းနှင့် စီးပွားလူမှုအဖွဲ့အစည်းတို့၏ ပေါင်းစပ်မှုအနေအထားကို အဆက်မပြတ် ထိရောက်စွာ လုပ်ဆောင်ခြင်းမှတစ်ဆင့် ခရီးသွားများအား သာယာလှပသော ဘဝနေထိုင်မှုများကို ခံစားစေမည့် တစ်ချိန်တည်းမှာပင် ပို၍ ကျယ်ကျယ်ပြန့်ပြန့်နှင့် ယခင်က မရှိခဲ့ဖူးသေးသော တာဝန်ဝတ္တရားအသိများဖြင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းအတွက် များသထက်များသော စွမ်းဆောင်မှုများကို လုပ်ဆောင်လျက်ရှိပါသည်။


ဤပြပွဲတွင် တရုတ်နိုင်ငံ၏ ဆင်းရဲမှုကင်းလွတ်ရေး လက်တွဲခေါ်ဆောင်မှုဆိုင်ရာ ဒေသများရှိ ခရီးသွားအရင်းအမြစ်များ၊ သဘာဝဂေဟစနစ် ကျေးလက်ရိုးရာယဉ်ကျေးမှုများ၊ ထုတ်ကုန်နှင့် ဘဝနေထိုင်မှုဓာတ်ပုံများ ပြသခြင်းမှတစ်ဆင့် ဒေသခံ ဆင်းရဲမှုကင်းလွတ်ရေး လက်တွဲခေါ်ဆောင်မှုပုံစံများ၊ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဖြစ်စဉ်များ၊ နေထိုင်သူပြည်သူတို့၏ စရိုက်သွင်ပြင်နှင့် ခရီးသွားလုပ်ငန်းဖြင့် ဆင်းရဲမှုကင်းလွတ်ရေး လက်တွဲခေါ်ဆောင်မှုလုပ်ဆောင်ခြင်း လုပ်ငန်းစဉ်၏ ဖြစ်ထွန်းအောင်မြင်မှု အကျိုးရလဒ်များကို ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ အစစ်အမှန် ရုပ်လုံးကြွစွာ တင်ဆက်ဖော်ပြသွားမည် ဖြစ်သည်။


19-+˜¦+¦++)-+¦s-1.jpg

19-+˜¦+¦++)-+¦s-2.jpg