Visiting China Online - ကမ္ဘာကြားက အန်းဟွေးအလှ၊ ပန်းချီအလား ပြိုင်စံရှား
ဤဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန Tik Tok ဗီဒီယိုများမှ တင်ဆက်ပေးထားခြင်းဖြစ်သည်။
ဓာတ်ပုံများကို အန်းဟွေးပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားခြင်းဖြစ်သည်။
အန်းဟွေး(Anhui) ဒေသမြေသည် အသွင်စုံလင် လှပထည်ဝါ ရှုမောဖွယ်ကောင်းပြီး ယဉ်ကျေးမှု ရှေးဟောင်းဒေသနယ်မြေများ ပေါများလှကာ တရုတ်နိုင်ငံ၏ ခရီးသွားလာရေး အရင်းအမြစ်များ အကြွယ်ဝဆုံးသော ပြည်နယ်များထဲမှ တစ်ခုအပါအဝင် ဖြစ်ပါသည်။ ယန်စီမြစ်၊ ဟွိုင်မြစ် (Huai)၊ ရှင်းအန်းမြစ် (Xin’an) ဆိုသည့် လှပသော မြစ်သုံးစင်းက ဤဒေသ၏ မြောက်ဘက်ပိုင်း လွင်ပြင်၊ အလယ်ပိုင်း ကုန်းမြင့်တောင်တန်းနှင့် တောင်ဘက်ပိုင်း တောင်ကုန်းများကို တငြိမ့်ငြိမ့်တသွင်သွင် ဖြတ်သန်းစီးဆင်းနေပါသည်။ ဟွောင်တောင် (Huang)၊ ကျိုးဟွာတောင် (Jiuhua)၊ ထျန်းကျုတောင် (Tianzhu) ဆိုသော နာမည်ကျော်စောလှသည့် တောင်မြင့်ကြီးသုံးတောင်က ဤဒေသရှိ ပြာလဲ့လဲ့ ကောင်းကင်သာ၊ စိမ်းစိမ်းစိုစို ဝေဝေဆိုင်းဆိုင်းရှိ သစ်ပင်ပန်းမန်နှင့် နီတောက်တောက် နေဝန်းကြီးကို ပေါ်လွင်ထင်ဟပ်နေစေသည်။ လောင်ဇိ (Laozi) နှင့် ကျွမ်းဇိ (Zhuangzi) အတွေးအခေါ် သဘောတရား ယဉ်ကျေးမှု၊ ထုန်ချိန်မြို့ဒေသ (Tongcheng) ယဉ်ကျေးမှုနှင့် ရှေးဟွေးကျိုးဒေသ (Huizhou) ယဉ်ကျေးမှုများသည် ဤနေရာဒေသတွင် တရုတ်နိုင်ငံ၏ ဂုဏ်ယူဖွယ် သံစုံတီးဝိုင်းတေးသွားသဖွယ် စုဝေးထွန်းကားလျက်ရှိနေပါသည်။