Visiting China Online - ကျင်းချူ(Jingchu)ဒေသ ရှေးဟောင်းရသနယ် ဟူပေ(Hubei)ရယ်လို့ ဂုဏ်ရည်ပြည့်ဝစေမည့်နယ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-24 16:57:14

ဤဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန Tik Tok ဗီဒီယိုများမှ တင်ဆက်ပေးထားခြင်းဖြစ်သည်။

ဓာတ်ပုံများကို ဟူပေပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားခြင်းဖြစ်သည်။ 



ဟူပေ(Hubei)ပြည်နယ်သည် တရုတ်နိုင်ငံ အလယ်ပိုင်းဒေသတွင် တည်ရှိပြီး ယန်စီမြစ်ယဉ်ကျေးမှု၏ ဘူမိနက်သန်ဖြစ်ကာ ရှေးတရုတ်လူမျိုးများ၏ အိမ်ဌာနေဝန်းမြေပင်ဖြစ်သည်။ ရှေးတရုတ်ဒဏ္ဍာရီလာ စိန်နုံ(Shennong) ယဉ်ကျေးမှု၊ ရှေးကျင်းချူ(Jingchu) ဒေသယဉ်ကျေးမှု၊ နာမည်ကျော်စော ထင်ရှားသူများ၏ ယဉ်ကျေးမှု၊ သုံးနိုင်ငံခေတ်ပြိုင်ခေတ်၏ ယဉ်ကျေးမှု၊ လောဇိအတွေးအခေါ် သဘောတရားဂိုဏ်းဝင် ဝူသောင်း(Wudang) ယဉ်ကျေးမှု အစရှိသည့် ခရီးသွားယဉ်ကျေးမှုကြီး (၈)ရပ်သည် သာယာလှပသော ရှေးကျင်းချူဒေသတွင် နက်ရှိုင်းစွာ အမြစ်တွယ် ထွန်းကားနေပါသည်။ လှပဆွဲဆောင်မှုအပေါင်းနှင့် ပြည့်စုံသော တောတောင်ရေမြေများက တမူထူးခြားသော ခရီးသွားယဉ်ကျေးမှုအတွက် ရွှေ‌ရောင်အနားသတ်အဖြစ် လှပသေသပ်စွာ ကွန့်မြူးအလှဆင်နေသကဲ့သို့ပင် ဖြစ်နေပါသည်။


图片

图片

图片


ဟူပေ(Hubei) ဒေသတွင်းရှိ မြင်တွေ့လိုက်ရရုံဖြင့် နှစ်သက်စွဲမက်ဖွယ်ကောင်းလှသည့် ရှုမျှော်ခင်းများ၊ ကြည်နူးနှစ်ခြိုက်ဖွယ် ယဉ်ကျေးမှု ထိတွေ့ခံစားမှုများ၊ ခရီးစဉ်အတွင်း ဘဝအဆက်ဆက်အတွက် တိုင်တည်ထားရှိခဲ့သည့် ကတိအရာများ၊ ကိုယ်တိုင်မောင်းနှင်ကာ လည်ပတ်စဉ် အရပ်ရှစ်မျက်နှာ နေရာဒေသအသီးသီးမှ ခင်မင်ရင်းနှီးမှုမေတ္တာတရား၊ ငါးရောင်ခြယ်ဝေဆာလှပသော ကဗျာပန်းချီအလား ရှိနေသည့် ရှေးနယ်မြို့ဒေသအပြင် လျှာပေါ်ခံစား ရသာမွန်အစားအစာများကလည်း သင်အရောက်လာကာ အမှတ်မထင် ဆုံစည်းတွေ့မြင်နိုင်ရန် မျှော်လင့်စောင့်စားနေပါသည်။


图片

图片

图片

图片