သာယာလှပသော တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် - နှလုံးသားထဲမှရှန်ဂရီလာ
ဤဗီဒီယိုနှင့် ဓာတ်ပုံများကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
“ဝေးလံလှသောကောင်းကင်ယံဘေးတွင် နိမ့်ချည်မြင့်ချည်သွယ်တန်းနေသော နှင်းတောင်ကြီးသည် ရေခဲမြစ်များ၏ အဆင်တန်ဆာဆင်ယင်မှုဖြင့် တလဲ့လဲ့ကြည်လင်တောက်ပနေပေသည်။ ရှုမျှော်ကြည့်လိုက်လျှင် တိမ်ပင်လယ်၌လွင့်မျှောနေသကဲ့သို့ပင်ဖြစ်၏။ အပြင်လောကမှလူသားအပေါင်းတို့သည် လျင်မြန်စွာရွေ့လျားနေသောအချိန်၏နောက်သို့ ခြေလှမ်းကျဲကြီးများဖြင့် အမှီလိုက်ပါနေရသော်လည်း သင့်အဖို့မှာမူ ရှည်လျားလှသောတိတ်ဆိတ်ငြိမ်သက်မှုအောက်၌ နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။ ဒါ့အပြင် စိတ်နှလုံး၌ မည်သည့်အပူအပင်မျှရှိမည်မဟုတ်ချေ။” ဤသည်မှာ အင်္ဂလန်နိုင်ငံစာရေးဆရာ Jeams Hilton ၏ နှလုံးသားအတွင်းမှ ရှန်ဂရီလာဖြစ်သည်။ ဤသည်မှာ မိန်းမောစွဲမက်ဖွယ်ယူနန်ပြည်နယ်ပင်ဖြစ်သည်။
ယင်းဒေသ၌ အသွင်သဏ္ဌာန်ပုံစံအမျိုးမျိုးရှိသော ပထဝီဝင်မြေမျက်နှာသွင်ပြင်၊ ရာသီဥတု၊ ဇီဝရုက္ခ၊ တိုင်းရင်းသားနှင့်ယဉ်ကျေးမှု စသည်တို့ဖြင့် အရောင်အသွေးစုံလင်၍ ကဗျာဆန်ဆန် မိန်းမောဖွယ်ညို့အားရှိသည့် ပန်းချီကားတစ်ချပ်ပမာ ခြယ်မှုန်းထားပါသည်။ ဤဒေသသည် လူသားနှင့်သဘာဝတရားတို့ သင့်မြတ်မှုရှိပြီး တည်ငြိမ်အေးချမ်းကာ စဉ်ဆက်မပြတ်ရှင်သန်လှုပ်ရှားနေသော လှပသည့်ယူနန်ပြည်နယ်ပင်ဖြစ်သည်။
ဤရုပ်သံဗီဒီယိုမှ သင့်အား ကဗျာ၏ဝေးရပ်မြေ၊ အိပ်မက်၏ဌာနေ၊ နှလုံးသားထဲမှရှန်ဂရီလာ ယူနန်ဆီသို့ ခေါ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။