Visiting China Online - ကဗျာပန်းချီဖွဲ့ကုံးသီနိုင်သည့် ရေပေါ်ဒေသဖြစ်သော ကျဲ့ကျန်းပြည်နယ်သို့ အလည်အပတ်သွားကြည့်မည်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-24 17:03:40

ဤဗီဒီယိုနှင့်ဓာတ်ပုံများကို ကျဲ့ကျန်းပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်



မက်မုံပန်းပွင့်များ အရောင်တောက်ပစွာဖူးပွင့်လျက်ရှိပြီး ရှည်လျားသောမိုးမခပင်၏ အကိုင်းအခက်များနှင့် သပိတ်လွယ်ငှက်လေးများ၏ သီကျူးသံမှာ နွေဦးရာသီကိုလှုပ်နှိုးနေသဖွယ် မင်္ဂလာရှိစေသည်။ အဝေးမှ ခက်တက်သံနှင့်အတူ လှေငယ်လေးမှာ စုန်ချည်ဆန်ချည်သွားလာနေကြသည်။ ငါးကလေးများ မြူးတူးပျော်ပါး၍ အင်းအိုင်အပြည့် ဆော့ကစားနေကြသည့် ဤနေရာမှာ ကဗျာနှင့်ပန်းချီကားချပ်များထဲတွင် တွေ့မြင်နေရသော ကျဲ့ကျန်းပြည်နယ်ပင်ဖြစ်သည်။


图片

图片

图片

图片


ကျဲ့ကျန်းပြည်နယ်သည် တရုတ်နိုင်ငံ ရှေးခေတ်ယဉ်ကျေးမှုများ အစပြုရာနေရာများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ခမ်းနားထည်ဝါသော သမိုင်းယဉ်ကျေးမှုများရှိပြီး လူ့ယဉ်ကျေးမှုတို့ စုစည်းတည်ရှိရာနေရာဖြစ်ကာ နေရာတိုင်းတွင် ထိမိခံစားစေနိုင်သည့် ဒဏ္ဍာရီပုံပြင်များဖြင့် ပြည့်နှက်နေသည်။ ဟန်ကျိုးမြို့ကိုပြောရမည်ဆိုလျှင် ယွဲ့ဖေးနှင့်ချင်ဟွေ့၊ မြွေဖြူမလေးနှင့်  ရွှီရှန်း၊ စူးရှောင်ရှောင်၏ အုတ်ဂူဇရပ်၊ ပိုင်ကျွီးရိ၏ ပိုင်တာရိုးလမ်း၊ စူးတုန်းဖော၏ စူးတာရိုးလမ်း အစရှိသည့် ကြွယ်ဝသော လူ့ယဉ်ကျေးမှုအငွေ့အသက်များသည် ဟန်ကျိုးမြို့၏ ဇရပ်၊ ဇရပ်တံတားပေါ်၊ ရွာငယ်လေး၊ ရှေးမူလူနေအိမ်တိုင်းတွင် အစဉ်အမြဲ ပေါ်လွင်လျက်ရှိပါသည်။


图片

图片

图片

图片


ဟန်ကျိုးမြို့၊ နင်ပေါ်မြို့၊ စောင်ရှင်းမြို့၊ ကျင်းဟွာမြို့မှ ထွက်သွားလျှင် ချွီကျိုးမြို့သည်လည်း ကျဲ့ကျန်းပြည်နယ်၏ လူ့ယဉ်ကျေးမှုများအတွက် အရေးပါသော  နေရာဖြစ်သည်။ ဤနေရာတွင် အရွယ်အစားအမျိုးမျိုးရှိသော ရှေးဟောင်းနေအိမ်များသည် ကျားကွက်သဖွယ် ပြန့်ကျဲလျက်ရှိသည်။ ကျင်းဟွာမြို့တစ်မြို့တည်း၌ပင် ကျူးကော်ပါးကွရွာ၊ ယွီယွမ်ထိုက်ကျိဂြိုလ်နံရွာနှင့် ကူတုန်ရှေးဟောင်းဂေဟဗေဒကျေးရွာ အစရှိသည့် သမိုင်းဝင်ယဉ်ကျေးမှုများစွာရှိသော အထင်ကရရွာများ တည်ရှိသည်။ ထိုရွာများအကြားတွင် ယနေ့ထိတိုင် ကြွယ်ဝသော ရိုးရာလူနေမှုဓလေ့ထုံးတမ်းများစွာကို ထိန်းသိမ်းထားလျက်ရှိသည်။


图片

图片

图片

图片


ကျဲ့ကျန်းမြို့ကို “ပိုးချည်မျှင်မြို့တော်”၊ “ဆန်ရေစပါး တံငါရွာ” ဟု တင်စားခေါ်ဝေါ်ကြသည်။ ဟန်ကျိုးမြို့၏ "ဟန်လော်ရက်ကန်းအနုပညာ" သည် "တရုတ်နိုင်ငံ၏ ပိုးချည်မျှင်ရက်ကန်းအနုပညာ" တွင် အရေးပါသော စီမံကိန်းအဖြစ် ကိုယ်စားပြုထားကာ နိုင်ငံတော်အဆင့်ဒြပ်မဲ့ယဉ်ကျေးမှုလည်း ဖြစ်သည်။  မြစ်ချောင်းအင်းအိုင်များစွာအနက် ရှီးဟူရေကန်နှင့် ချန်ထန်မြစ်တို့သည် အရေးအပါဆုံးပင်ဖြစ်သည်။ ချန်ထန်မြစ်၏ နဒီလှိုင်းသည် လက်မလွှတ်သင့်သော ကြီးကျယ်ခမ်းနားလှသည့် ရှုမျှော်ခင်းပင်ဖြစ်သည်။


图片

图片

图片


ဒေသအငွေ့အသက်ပြည့်နှက်နေသည့် ဒေသအစားအစာများမှာ ကျဲ့ကျန်းပြည်နယ်၏ အမှတ်တံဆိပ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ကျဲ့ကျန်းဟင်းလျာများသည် တရုတ်နာမည်ကျော် ဟင်းလျာကြီး (၈) မျိုးထဲမှ တစ်မျိုးဖြစ်သည်။ ဟင်းချက်ရာတွင် ပါဝင်ပစ္စည်းအလေးအနက်ရွေးချယ်ခြင်း၊ ချက်ပြုတ်နည်းတမူထူးခြားခြင်း၊ ဒေသအရသာကို အလေးထားခြင်း၊ အသေးစိတ်ဆောင်ရွက်ခြင်းတို့ပင်ဖြစ်သည်။ နင်ပေါ်မြို့၏မုန့်လုံးရေပေါ်၊ ကျားရှင်းမြို့ ဝက်ကောက်ညှင်းပေါင်း၊ ဟန်ကျိုးရှီးဟူအိုင်၏ လုံကျင်လက်ဖက်ခြောက်၊ ကျင်းဟွာဝက်ပေါင်ခြောက်၊ ကျင့်ယွင်မုန့်ဖုတ်၊ ယိဝူးဇီးချိုခြောက်၊ လင်အန်းတောင်၏ သစ်ကြားသီး စသည်တို့မှာ ပထမတန်းစားအစားအစာများပင် ဖြစ်ပေသည်။