Visiting China Online - VR မြင်ကွင်းကျယ် အမှန်တကယ်ထိတွေ့မှုအလား၊ အိမ်ပြင်ထွက်ရန်မလိုပဲ သာယာလှပသောတရုတ်နိုင်ငံအနှံ့ လှည့်လည်သွား
“VRဖြင့် တရုတ်နိုင်ငံသို့ အလည်အပတ်သွားခြင်း”သည် အများပြည်သူခရီးသွားဧည့်သည်များကို ဦးတည်သော အင်္ဂလိပ်ဘာသာ အွန်လိုင်းခရီးသွားစင်္ကြံတစ်ခု ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုကွန်ရက် အင်္ဂလိပ်ဗားရှင်းနှင့် ပုံရိပ်ယောင်ခရီးသွားလုပ်ငန်း (Website - quanjingke.com) တို့မှ ပူးပေါင်းတင်ဆက်ခြင်း ဖြစ်ပါသည်။ VR နှင့် 3D ရိုက်ကူးရေးနည်းပညာတို့ကို အသုံးပြု၍ အွန်လိုင်းခရီးသွားဝန်ဆောင်မှု ပံ့ပိုးပေးကာ တရုတ်နိုင်ငံ၏ နာမည်ကျော် ခရီးသွားလေ့လာလည်ပတ်စရာနေရာ ၄၀ ကျော်နှင့် ကမ္ဘာ့အမွေအနှစ်နယ်မြေများ စသည်တို့ ပါဝင်ပြီး ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းတို့မှတစ်ဆင့် သက်တောင့်သက်သာစွာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။ ခရီးသွားဧည့်သည်များအနေဖြင့် အိမ်အပြင်ထွက်ရန်မလိုပဲ ထိုဒေသများသို့ ကိုယ်တိုင်ရောက်ရှိနေသည့်အလား တရုတ်နိုင်ငံသို့ “ဝင်ရောက်ခြင်း”၊ “ထိတွေ့ခြင်း”၊ “ခံစားသိမြင်ခြင်း” စသည့် ခံစားချက်များ ပေးစွမ်းနိုင်မည် ဖြစ်ပြီး တရုတ်နိုင်ငံ၏ ညို့အားပြင်းသော သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတို့ကို အသေးစိတ် မြည်းစမ်းခံစားနိုင်မည်ဖြစ်ပါသည်။
“VR ဖြင့် တရုတ်နိုင်ငံသို့ အလည်အပတ်သွားခြင်း” စင်္ကြံသို့ ဝင်ရောက်၍ ကလစ်တစ်ချက်နှိပ်လိုက်ရုံဖြင့် ကူကုန်းနန်းတော်(The Forbidden City)၊ ဂူဗိမာန်မှ မြေနီစစ်သည်များနှင့်မြင်းများ၊ ပုတာလားကျောင်းတိုက်(The Potala Palace)၊ ဟွမ်ရှန်းတောင်၊ ကျိုကျိုက်ကိုးတောင်ကြား၊ ၇၉၈ အနုပညာဇုန် အစရှိသည့် များပြားလှသော ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နယ်မြေများ၊ နာမည်ကျော် ရှုခင်းရှုကွက်များ၊ ယဉ်ကျေးမှုအထင်ကရနေရာများ(Culture Landmark)အား လျှပ်တစ်ပြက်အတွင်း ထိတွေ့ခံစားနိုင်မည်ဖြစ်ပါသည်။
↑↑↑
QR code ကို နှိပ်ပြီး Online Celebration သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။