Visiting China Online - တရုတ်နိုင်ငံကို အာရုံစူးစိုက်ခြင်း - လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုရှိသော တရုတ်နိုင်ငံ
ဤဗီဒီယိုကို ဝူကျိုးရုပ်သံလွှင့်စင်တာမှ ပံ့ပိုးကူညီထားပါသည်
နှစ်ပေါင်း ၇၀ သည် လူတစ်ယောက်အဖို့ပြောရလျှင် မွေးကင်းစကလေးအရွယ်မှ အသက် ၇၀ ပြည့်နှစ်အထိ ဖြတ်သန်းရသည့် ကာလဖြစ်ပြီး တရုတ်နိုင်ငံတော်သစ်ကြီးအဖို့ ဆင်းရဲနွမ်းပါးမှုမှ ကြွယ်ဝတိုးတက်အားကောင်းလာသော ဖြတ်ကျော်မှုအချိန်ကာလတစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးမှာလည်း ကြီးမားသောပြောင်းလဲမှုဖြစ်စဉ် ပြိုင်တူဖြစ်ပွားခဲ့သည်။
တရုတ်နိုင်ငံတော်သစ်ကြီးထူထောင်ခြင်း ၇၁ နှစ်ပြည့်ကာလတွင် အရပ်လေးမျက်နှာသို့ သွယ်တန်းထားသော လမ်းမကွန်ယက်သည် မြို့၊ ရွာအကြား သွားလာရေးအချိန်ကို လျှော့ချပေးနိုင်ခဲ့သည်။ ပြည်သူများအတွက် လူနေမှုဘဝမွေးမြူပေးခြင်းနှင့် သွားလာရေးအဆင်ပြေလွယ်ကူစေမှုကိုလည်း များစွာ အထောက်အကူပြုခဲ့သည်။ မြည်းစီး၍ ပေကျင်းမြို့ပေါ်တက်ခြင်းမှစ၍ ရထားစီးပြီး လာဆာမြို့သို့ ခရီးနှင်နိုင်၍ ကီလိုမီတာ ၃သောင်းကျော်ရှိသော အမြန်ရထားလမ်းသည် ၈၀% မြို့ကြီးများသို့ လွှမ်းခြုံထားပြီး “ဖူ့ရှင်း”အမှတ် လျှပ်စစ်အမြန်ရထားသည် တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ နှုန်းဖြင့် မြေပြင်ပေါ်တွင် “ပျံသန်း”(မြန်ဆန်စွာမောင်းနှင်) နိုင်ခဲ့သည်။ တရုတ်နိုင်ငံထုတ် C919 လေယာဉ်ကြီး အောင်မြင်စွာ မိုးထိုးပျံသန်းနိုင်ခဲ့သည့် သမိုင်းကျော်ဖြတ်မှုတစ်ခု ဖြစ်ခဲ့သည်။ တရုတ်နိုင်ငံတော်သစ်ကြီးထူထောင်ခြင်း ၇၁ နှစ်ပြည့်ကာလအတွင်း သယ်ယူပို့ဆောင်ရေးစနစ် ကြီးမားစွာပြောင်းလဲလာခြင်းမှာ သိပ္ပံနည်းပညာ၏ ကြီးမားသောတိုးတက်ပြောင်းလဲမှု ဖြစ်ရုံမျှသာမက လူပေါင်းများစွာ အတူတကွ ကြိုးစားအားထုတ်မှု၏ ရလဒ်ဆိုလျှင် ပိုမှန်နိုင်သည်။
ယနေ့မျက်မှောက်ကာလတွင် တရုတ်နိုင်ငံ၏ကုန်းလမ်းပေါက်ရောက်မှု ကီလိုမီတာစုစုပေါင်းမှာ ကမ္ဘာ့ဒုတိယဖြစ်သည်။ အမြန်လမ်းမကြီး၏ လမ်းပေါက်ရောက်မှု ကီလိုမီတာစုစုပေါင်းမှာလည်း ကမ္ဘာ့ဒုတိယဖြစ်သည်။ ကုန်းတွင်းမြစ်ကြောင်းပေါက်ရောက်မှု ကီလိုမီတာစုစုပေါင်းမှာ ကမ္ဘာ့ပထမဖြစ်သည်။ ရေကြောင်းပို့ဆောင်ရေးဆိပ်ကမ်းနှင့် ကုန်သေတ္တာအရေအတွက်မှာ ၉ နှစ် ကြာသည့်တိုင်အောင် ကမ္ဘာ့ပထမအဖြစ် ထိန်းထားနိုင်ခဲ့သည်။
မြောက်ပိုင်းဆီးနှင်းလွင်ပြင်မှ ပင်လယ်ကျွန်းဆွယ်အုန်းတောအထိ၊ သဲကန္တာရအစပ်မှ အရှေ့တရုတ်ပင်လယ်ကမ်းရိုးတန်းအထိ၊ အရှေ့အနောက်၊ တောင်မြောက်၊ အလျားအနံ ဆုံစည်းသည့် ကျုံးဟွာ(တရုတ်)မြေပြင်ပေါ်ရှိ လူအများစုမှာ အခြားနေရာဒေသသို့ ရောက်ရှိနေသော်လည်း တူညီသောမြို့ပြစနစ်ကို ခံစားနိုင်မည်ဖြစ်သကဲ့သို့ စိတ်ဆန္ဒအလျောက် ခရီးစဉ်တစ်ခုကို ချက်ချင်းဆိုသလို ကောက်ကာငင်ကာ သွားနိုင်သေးသည်။ ၉.၆သန်း စတုရန်းကီလိုမီတာရှိ နတ်ဘုံမြေပြင်(တရုတ်နိုင်ငံ)ပေါ်တွင် အရပ်လေးမျက်နှာတစ်ခွင် သွယ်တန်းထားသော သယ်ယူပို့ဆောင်ရေးကွန်ယက်မှာ တရုတ်ပြည်သူပြည်သားများကို ရယူမှုနှင့် သာယာပျော်ရွှင်မှု အပြည့်အဝ ပေးစွမ်းနိုင်ခြင်းကို မီးမောင်းထိုးပြနေသည်။