Visiting China Online- တရုတ်အထွတ်အမြတ်ဌာနေ လူမှုယဉ်ကျေးမှု ဆန်ရှီးနယ်မြေ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-24 17:00:13

ဤဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန Tik Tok ဗီဒီယိုများမှ တင်ဆက်ပေးထားခြင်းဖြစ်သည်။



အကယ်၍ နှစ်ပေါင်း(၅၀၀၀)ကြာ သက်တမ်းရှိ တရုတ်ယဉ်ကျေးမှုသည် မိုးမျှော်သစ်ပင်ကြီးဆိုလျှင် ဆန်ရှီး(Shaanxi) ဒေသသည် ဤသစ်ပင်ကြီး၏ ဝေဆာပွင့်လန်းစွာ ကြီးထွားရှင်သန်နေသော အရင်းအမြစ်ပင် ဖြစ်ပေသည်။ ဆန်ရှီး(Shaanxi) ဒေသသည် ချင်းလင်(Qinling) တောင်တန်းကို မှီငြမ်းဆက်စပ် အစချီကာ မြစ်ဝါမြစ်၊ ဝေ့(Wei)မြစ်တို့ သွန်းလောင်းဖြည့်ဆည်းမှုဖြင့် ထွန်းလင်းတောက်ပသော တရုတ်ယဉ်ကျေးမှုကြီးအဖြစ် ဖြစ်တည်ပေါ်ထွန်းလာခဲ့ပါသည်။


图片

图片


ရှီးအန်း(Xi’an)မြို့သည် ခေတ်မင်းဆက်ပေါင်း (၁၃)ခုတည်ရာ ရှေးဟောင်းမြို့တော်ကြီး ဖြစ်ပေသည်။ ဆန်ရှီး(Shaanxi) ဒေသကို ဝင်ရောက်ခြင်းသည် သမိုင်းကို ဖတ်ရှုလေ့လာခြင်းပင်ဖြစ်သည်။ ဆန်ရှီး(Shaanxi) ဒေသကို ဝင်ရောက်ခြင်းသည် ယဉ်ကျေးမှုနှင့် တစ်သားတည်း ရောနှောပေါင်းစပ်ခြင်းဖြစ်သည်။ ဆန်ရှီး(Shaanxi) ဒေသကို ဝင်ရောက်ခြင်းသည် ရှေးခေတ်မှ ယနေ့ခေတ်ထိတိုင်အောင်ကို လက်ဆင့်ကမ်းခြင်းပင် ဖြစ်ပေသည်။


图片