Visiting China Online – ကန်းစုပြည်နယ်တွင် မိုင်သုံးထောင်ရှည်လျားသော ပိုးလမ်းမကြီးနှင့် နှစ်ပေါင်းရှစ်ထောင်ကျော် ကြာမြင့်နေပြီဖြစ်သော တရုတ်ယဉ်ကျေးမှုကို လေ့လာခံစားကြမည်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-24 17:04:53

ဤဗီဒီယိုနှင့် ဓာတ်ပုံများကို တရုတ်နိုင်ငံ Gan Su ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာ‌ရေး ဦးစီးဌာနမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။



Gan Suပြည်နယ်သည် ကုန်းပြင်မြင့်ထက်တွင် စီခြယ်မြှုပ်နှံထားသော အဖိုးတန် ကျောက်မျက်ရတနာတစ်ပါးနှင့် တူပါသည်။ နတ်တို့ဖန်တီးထားသော တမူထူးခြားသည့် မြေမျက်နှာသွင်ပြင်နှင့် ခမ်းနားတောက်ပသော သမိုင်းယဉ်ကျေးမှုများကိုလည်း ပိုင်ဆိုင်ထားသောနေရာဖြစ်သည်။


图片

图片

图片


Gan Suပြည်နယ်သည် ရှေးအခါက ပိုးလမ်းမကြီး ဖြတ်သန်းရာ နေရာဖြစ်ပြီး ယခုအချိန်တွင် ထူးခြားလှသော ယဉ်ကျေးမှုအကြွင်းအကျန်များစွာကို ချန်ရစ်ပေးခဲ့လေသည်။ ဤနေရာတွင် ယခုလက်ရှိအထိ တည်ရှိသော ကျောက်လှိုင်ဂူများထဲတွင် အတိုင်းအတာအကြီးမားဆုံးနှင့် အကြောင်းအရာ အပြည့်စုံအကြွယ်ဝဆုံးသော Dunhuangမြို့ရှိ Mogaoကျောက်လှိုဏ်ဂူ၊ ကမ္ဘာပေါ်ရှိအခံ့ညားဆုံးသော တောင်ကြားဂိတ်ဝဟုခေါ်ဆိုသည့် Jiayuguan မဟာတံတိုင်းကြီး၊ တိဗက်ဗုဒ္ဓဘာသာ ဘုရားကျောင်းကြီး (၆)ကျောင်းအနက် တစ်ကျောင်းဖြစ်သော Labuleng ဘုရားကျောင်း (Labrang Monastery) အစရှိသည်တို့သည် ခရီးသွားဧည့်သည်များကို ပြန်ဖို့ပင် မေ့ရလောက်သည်အထိ ဖြစ်စေသည့် ရှေးဟောင်းအမွေအနှစ်နေရာများနှင့် ရှုခင်းသာနေရာများပင်ဖြစ်သည်။ 


图片

图片

图片


Gan Suပြည်နယ်သို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်တိုင်းသည် ကြီးမားကျယ်ပြောလှပသော သဲကန္တာရပြင်ကြီးကို လာရောက်ကြည့်ရှုခံစားကြသည်။ အမြင့်ဆုံးနေရာသို့ တက်ရောက်ပြီး အဆက်မပြတ် နိမ့်ချည်မြင့်ချည်ဖြစ်နေသော မိုင်ထောင်ချီကျယ်ဝန်းသည့် သဲသောင်ပြင်ပင်လယ်နှင့် နေရာအနှံ့ ပြန့်ကျဲနေသော ရေကန်များကို တွေ့မြင်ခံစားနိုင်၍ တစ်ခါတစ်ရံ နားထဲတွင် ကြည်လင်ပြတ်သားသည့် ကုလားအုတ်ချူသံများကိုလည်း ကြားနိုင်ပါသည်။


图片

图片


Gan Suပြည်နယ်တွင် အံ့မခန်းဖွယ် Danxia landform (မတ်စောက်သောချောက်ကမ်းပါးများရှိသည့် အနီရောင်မြေမျက်နှာသွင်ပြင်)လည်းရှိပြီး ကမ္ဘာတစ်ဝန်းရှိ မေ့မရနိုင်ဆုံးသော ရှုခင်းနေရာများထဲမှ တစ်ခုအဖြစ် ခေါ်ဝေါ်ကြသည်။ ရောင်စဉ်ခုနစ်သွယ် Danxia landformသည် အနီရင့်‌ရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အစိမ်းရောင်၊ မီးခိုးနက်ရောင်၊ မီးခိုးဖြူရောင်အစရှိသည့် တောက်ပသောအရောင်များဖြင့် လှိုင်းလုံးကြီးသဖွယ် နိမ့်ချည်မြင့်ချည်ဖြစ်နေကာ တောက်ပဝင်းလက်လှပနေသည်။ 


图片

图片


Gan Suပြည်နယ်တွင် သမိုင်းအရှည်ကြာဆုံး မြင်းပြိုင်ကွင်းရှိပြီး "ပိုးလမ်းမကြီး၏ မြစိမ်းရောင်ကျောက်မျက်ရတနာ"ဟု တင်စားခေါ်ဝေါ်ကြသည်။ ဤနေရာတွင် စိမ်းစိုနေသော မြစိမ်းရောင် မြက်ခင်းကြီးများ၊ ထောင်သောင်းချီသော မြင်းများ ပြေးလွှားခုန်ပေါက်နေသော ရင်ခုန်စိတ်လှုပ်ရှားစေသည့်မြင်ကွင်း၊ ကြီးကျယ်ခမ်းနားလှသော ရှေးဟောင်းမြို့ နေရပ်အကြွင်းများနှင့် ရိုးရှင်းသော တိုင်းရင်းသားရိုးရာ ဓလေ့ထုံးစံများမှာ သင်ကိုယ်တိုင် လာရောက်ကြည့်ရှုရကျိုးနပ်စေမည်ဖြစ်သည်။


图片

图片

图片


မိုင်သုံးထောင်ရှည်လျားသော ပိုးလမ်းမကြီးနှင့် နှစ်ပေါင်းရှစ်ထောင်ကျော်သော တရုတ်ယဉ်ကျေးမှုများ၊ ကြွယ်ဝသော ခရီးသွားအရင်းအမြစ်၊ ပိုးလမ်းမကြီးယဉ်ကျေးမှု၊ မြစ်ဝါမြစ်ယဉ်ကျေးမှု၊ တိုင်းရင်းသားယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများသည် Gan Su ပြည်နယ်အား ခရီးသွားဧည့်သည်များ ရှာဖွေလေ့လာသော အဖိုးတန်နေရာတစ်ခု ဖြစ်လာစေပါသည်။


图片

图片

图片

图片

图片

图片