"တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား" - နီရှာ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-11-17 12:06:00


ဗီဒီယိုနှင့် ဓာတ်ပုံများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများအလိုက် ပိုင်းခြား၍ တင်ဆက်ထားသည်။ ဤအချိန်တစ်မိနစ်အတွင်းတွင် နေရာတစ်ခုချင်းစီ၏ တစ်မူထူးခြားသော ခရီးသွားယဉ်ကျေးမှုအရင်းအမြစ်များကို ပြသထားပြီး ကြည့်ရှုသူပရိသတ်တို့အတွက် တစ်မိနစ်စာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို တင်ဆက်ပေးသွားမည် ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုရန်အတွက် သတင်းကောင်းပါးပါရစေရှင်။



နီရှာ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Ningxia) 


နီရှာ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Ningxia) သည် “တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက သဘာဝသယံဇာတပေါကြွယ်ဝရာဒေသ” ဟူ၍ နာမည်ဂုဏ်သတင်း ကျော်စောသည်။ ဤနေရာတွင် ရှေးကျသော မြစ်ဝါမြစ်ယဉ်ကျေးမှုများနှင့်အတူ ကြီးကျယ်ခမ်းနားလှသော သဲကန္တာရရှုမျှော်ခင်းများလည်း ရှိနေသည်။



ဤဒေသရှိ ကမ္ဘာ့အံ့ဖွယ်ပထဝီဝင်နေရာဖြစ်သော ရှားဖောထို ရှုခင်းသာနေရာ (Shapotou) တွင် မြင့်မားသောတောင်တန်းကြီး၊ မြစ်ဝါမြစ်၊ သဲကန္တာရနှင့် အိုအေစစ်များကို ရင်သပ်ရှုမောဖွယ် တွေ့မြင်ခံစားနိုင်သည်။ ရှေးဟောင်းမဟာတံတိုင်းကြီးသည် သမိုင်းကြောင်းတစ်လျှောက်ရှိ ကြီးကျယ်လှသော တိုက်ပွဲများအကြောင်းကို ဖော်ကျူးနေပြီး ဟယ့်လန်တောင် (Helan) ရှိ ကျောက်နံရံပန်းချီများသည် ရှေးခေတ်ကာလယဉ်ကျေးမှုကို သက်သေပြုနေကာ အနောက်ရှာ့မင်းဆက်ဂူဗိမာန်များ (Western Xia mausoleums) သည် ကြီးကျယ်ခမ်းနား၍ လျှို့ဝှက်ဆန်းပြားလှပေသည်။



အံ့ဖွယ် နီရှာ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ လာရောက်လည်ပတ်ရင်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ သဘာဝသယံဇာတပေါကြွယ်ရာ ဤဒေသအကြောင်းကို ကြည့်ရှုခံစားလိုက်ကြရအောင်လားရှင့်။