ရောင်စုံယူနန် ကမ္ဘာ့ဥယျာဉ်မြေ - တိမ်လွှာကြားက လှေကားထစ်စိုက်ခင်း၊ အိပ်မက်ကမ္ဘာ ဟုန်ဟယ်ဒေသမှ ကြိုဆိုပါ၏
ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ယူနန်ပြည်နယ်၏ ခရီးသွားအကြောင်းအရာများကို မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုသူ မိတ်ဆွေပရိသတ်များအား ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ မိတ်ဆက်ပေးနိုင်ရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲနှင့် မြို့ဒေသ (၁၆)ခု၏ ခရီးသွားပုံရိပ်အကြောင်း မိတ်ဆက်ဗီဒီယိုများကို အပိုင်းဆက်များဖြင့် တင်ဆက်ပြသလျက် ရှိပါသည်။
ဟုန်ဟယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Honghe) တွင် ထူးခြားဆန်းပြားသော ရှုမျှော်ခင်းအလှများနှင့် ပြည့်နှက်နေသည့် နာမည်ကျော် လေ့လာလည်ပတ်စရာနေရာများ၊ သမိုင်းဝင်နေရာများနှင့် တစ်မူထူးခြားသော ရိုးရာလက်မှုအတတ်ပညာများ ရှိပါသည်။
ဟုန်ဟယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟားနီတိုင်းရင်းသား (Hani) တို့၏ လှေကားထစ်စိုက်ခင်းများ၊ ဖျင်ပျန်းကောင်တီရှိ (Pingbian) တာ့ဝေတောင် (Dawei) သဘာဝသစ်တောဥယျာဉ်၊ ရှင်ဖျင်ကောင်တီရှိ (Shiping) ယိလုံကန် (Yilong) ၊ မဖြစ်မနေ သွားရောက်လည်ပတ်သင့်သော ဟဲခိုကောင်တီ (Hekou) နယ်စပ်ခရီးစဉ်၊ ကျန့်ဆွေရှေးဟောင်းမြို့ (Jianshui) ၊ လူရှီးကောင်တီရှိ (Luxi) အားလူရှေးဟောင်းလိုဏ်ဂူ (Alu) နှင့် ကျန့်ဆွေကောင်တီရှိ ပျံလွှားငှက်လိုဏ်ဂူ ၊ ကျင်းဖျင်ကောင်တီရှိ (Jinping) လိပ်ပြာချိုင့်ဝှမ်း ရှုခင်းနေရာ စသည်တို့သည် လာရောက်လည်ပတ်သူ ပရိသတ်တို့အဖို့ မေ့မရနိုင်လောက်အောင်ပင် အမှတ်ရတမ်းတနေစေပါလိမ့်မည်။
ကျန့်ဆွေခရမ်းရောင်မြေထည်၊ ယူနန်-ဗီယက်နမ် ရထားလမ်း၊ နှစ်ပေါင်းရာကျော် သက်တမ်းရှိသော ကုန်သွယ်ရေးဆိပ်ကမ်းနှင့် ကော့ချောင်မြီးရှည် (Guoqiao) အစရှိသည့် ခရီးသွားယဉ်ကျေးမှု အမှတ်သင်္ကေတများမှာလည်း ဂုဏ်ရှိန်မြင့်မားလှပါသည်။