ရောင်စုံယူနန် ကမ္ဘာ့ဥယျာဉ်မြေ - ဝန်စန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုမှ ကြိုဆိုဖိတ်ခေါ်ပါရစေ၊ ယဉ်ကျေးမှု၊ တောတောင်ရေမြေရှုခင်းနှင့် ကျန်းမာရေးခရီးစဉ်ကို လေ့လာခံစားစို့လေ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-11-20 16:51:46


ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ယူနန်ပြည်နယ်၏ ခရီးသွားအကြောင်းအရာများကို မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုသူ မိတ်ဆွေပရိသတ်များအား ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ မိတ်ဆက်ပေးနိုင်ရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲနှင့် မြို့ဒေသ (၁၆)ခု၏ ခရီးသွားပုံရိပ်အကြောင်း မိတ်ဆက်ဗီဒီယိုများကို အပိုင်းဆက်များဖြင့် တင်ဆက်ပြသလျက် ရှိပါသည်။


WeChat Image_20221118133216.png


ဝန်စန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု (Wenshan) သည် ဂေဟစနစ် ကောင်းမွန်လှပသော “ဌာနေဇာတိမြေ” တစ်ခုပင် ဖြစ်သည်။ ဤဒေသတွင် ကဗျာဆရာ ထောင်ယွမ်မင် (Tao Yuanming) ၏ ကျေးလက်ရှုမျှော်ခင်းများအကြောင်း ဖော်ကျူးရေးသားခဲ့သည့် ကွမ်နန်းကောင်တီ (Guangnan) ပါ့မေရွာ (Bamei) ၊ စိမ်းမြကြည်လင်စွာ တသွင်သွင်စီးဆင်းနေသော တရုတ်ဧက “မူ(mu)” ပေါင်းသောင်းချီရှိသည့် ကြာကန်ကြီးများဖြင့် ပြည့်နှက်နေသော ဖူကျဲဟေးရှုခင်းနေရာ (Puzhehei) တို့ ရှိပါသည်။



ယင်းဒေသသည် တရုတ်နိုင်ငံ၏ ရှုဒိုဂျင်ဆင်းများ (Panax notoginseng)  ပေါက်ရောက်ရှင်သန်ရာ ဌာနေအရပ်ဖြစ်ကာ “အမြစ်၊ ပင်စည်၊ အရွက်နှင့် အပွင့် အားလုံးတို့သည် အဖိုးတန်ရတနာများဖြစ်ပြီး ရောဂါခပ်သိမ်းအား ပျောက်ကင်းစေနိုင်သည်” ဟူ၍ နာမည်ကျော်ကြားသော ရှုဒိုဂျင်ဆင်းများ ပေါကြွယ်ဝစွာ ပေါက်ရောက်နေကြပါသည်။



ဝန်စန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် ဟန်လူမျိုး (Han) ၊ ကျွမ့်တိုင်းရင်းသား (Zhuang) ၊ မြောင်တိုင်းရင်းသား (Miao) ၊ ရီတိုင်းရင်းသား (Yi)  နှင့် ယောင်တိုင်းရင်းသား (Yao) စသည့် တိုင်းရင်းသားလူမျိူးစု (၁၁) မျိုးတို့ ပူးပေါင်းဖန်တီးထားသည့် ကြေးစည်ယဉ်ကျေးမှု၊ လယ်ယာစိုက်ပျိုးရေးယဉ်ကျေးမှု၊ ဖောယာဂီတစာအုပ်ယဉ်ကျေးမှု (Poya) နှင့် အားအယ်ရွာရှိ သစ်ထွင်းပန်းချီလက်ရာ အစရှိသည့် တစ်မူထူးခြားပြီး ဆွဲဆောင်မှုရှိသော တိုင်းရင်းသားယဉ်ကျေးမှုများလည်း ရှိပါသည်။