“တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” - ပေကျင်းမြို့

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-11-24 15:46:03


ဗီဒီယိုနှင့် ဓာတ်ပုံများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများအလိုက် ပိုင်းခြား၍ တင်ဆက်ထားသည်။ ဤအချိန်တစ်မိနစ်အတွင်းတွင် နေရာတစ်ခုချင်းစီ၏ တစ်မူထူးခြားသော ခရီးသွားယဉ်ကျေးမှုအရင်းအမြစ်များကို ပြသထားပြီး ကြည့်ရှုသူပရိသတ်တို့အတွက် တစ်မိနစ်စာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို တင်ဆက်ပေးသွားမည် ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုရန်အတွက် သတင်းကောင်းပါးပါရစေရှင်။



ပေကျင်းမြို့ (Beijing)


ပေကျင်းမြို့ (Beijing) သည် အသွင်ပုံစံ အမျိုးစုံလင်လှသော မြို့တစ်မြို့ဖြစ်သည်။ ဤနေရာတွင် သမိုင်းနှင့် မျက်မှောက်ခေတ်တို့၏ အပြန်အလှန်သက်ရောက်၍ ထင်ဟပ်ပေါ်လွင်နေမှုများကို တွေ့မြင်နိုင်ပါသည်။


WeChat Image_20221124105647.jpg

WeChat Image_20221124105649.jpg



ပေကျင်းရှေးဟောင်းနန်းတော် (The Forbidden City) သည် နန်းဆောင်အဆာက်အဦ ဗိသုကာပညာရပ်၏ အနှစ်သာရများကို အနှစ်ချုပ်စုစည်းထားပြီး နွေရာသီအပန်းဖြေဥယျာဉ် (The Summer Palace) ကို “တော်ဝင်ဥယျာဉ်ပြတိုက်”ဟု တင်စားသမုတ်ကြကာ ကောင်းကင်ဘုံကျောင်းတော် (The Temple of Heaven) သည် ရှေးလူတို့၏ ရိုးရှင်းသော လောကအမြင်နှင့် ဒဿနအမြင်တို့ကို ထင်ဟပ်ဖော်ပြနေသည်။ မဟာတံတိုင်းကြီးသည် မိုင်ပေါင်းသောင်းချီတိုင် အဆက်မပြတ် ရှည်လျားဆန့်တန်းနေကာ ပေကျင်း (Beijing) - ဟန်ကျိုး (Hangzhou) မဟာတူးမြောင်းကြီးသည် နှစ်ထောင်ချီကြာ သမိုင်းအမွေအနှစ်များကို ထင်ကျန်ရစ်စေခဲ့၍ ကျိုးခိုတျန့် (Zhoukoudian) ရှေးဟောင်းအမွေအနှစ်နေရာသည် သင့်ကို သမိုင်း၏ လျှို့ဝှက်ဆန်းကြယ်မှုများအား လေ့လာရန် ခေါ်ဆောင်ပေးသွားမည်ဖြစ်သည်။ ဤဒေသရှိ အုတ်တစ်ချပ်သဲတစ်ပွင့်၊ လမ်းမလမ်းငယ် အသွယ်သွယ်တို့သည် အမှတ်ရဖွယ် အမှတ်တရအပြည့်နှင့် လက်ဆင့်ကမ်းထိန်းသိမ်းလာမှု အမွေအနှစ်များပင်ဖြစ်သည်။


WeChat Image_20221124105654.jpg


ပေကျင်းမြို့တွင် အေးဆေးဖြည်းညင်းစွာ အပန်းဖြေကြည့်ရှုရင်း ယင်းမြို့တော်၏ ရှေးရိုးရာအငွေ့အသက်များကို တွေ့မြင်ခံစားလိုက်ကြရအောင်လားရှင်။