ရောင်စုံယူနန် ကမ္ဘာ့ဥယျာဉ်မြေ - ယူနန်ပြည်နယ်၏ ယဉ်ကျေးမှုခရီးသွားပုံရိပ် မိတ်ဆက်ဗီဒီယို “ယူနန်”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-11-27 19:34:54


ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ယူနန်ပြည်နယ်တွင် ကမ္ဘာပေါ်ရှိ အမျိုးမျိုးအဖုံဖုံသော မြေမျက်နှာသွင်ပြင်အနေအထားနှင့် ဂေဟစနစ်အမျိုးအစားများ အားလုံးနီးပါး ပါဝင်လျက်ရှိကာ နေရာတိုင်းမှာလည်း အရောင်အသွေးစုံလင်ပြီး ပန်းချီကားသဖွယ် ကဗျာဆန်စွာ လှပနေပါတော့သည်။


WeChat Image_20221125162341.png


ဥတုလေးပါးလုံးမှာ နွေဦးရာသီကဲ့သို့ သာယာလှပနေသော ကူမင်းမြို့ (Kunming) ၊ သဘာဝအလှတရားများနှင့် ပြည့်နှက်နေသော တာလီဒေသ (Dali) ၊ ကမ္ဘာ့သဘာဝအမွေအနှစ်ဖြစ်သည့် “ကမ္ဘာ့အခမ်းနားဆုံးအံ့ဖွယ်” အဖြစ် တင်စားခေါ်ဝေါ်ကြသော ကျောက်တုံးတောဥယျာဉ် (Shilin) ၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော လိကျန်းရှေးဟောင်းမြို့ (Lijiang) ၊ ဟားနီတိုင်းရင်းသား (Hani) တို့၏ လှေကားထစ်စိုက်ခင်းများ၊ လျှို့ဝှက်ဆန်းကြယ်သော လူးကူးကန် (Lugu Lake) ၊ လှပသာယာသော ဆစ်ဆောင်ပန်းနားဒေသ (Xishuangbanna) ၊ လောကဘုံနိဗ္ဗာန်အလား အေးချမ်းလှပသော ရှန်ဂရီလာဒေသ (Shangri-La) စသည့် ပန်းချီအလား ထင်မှတ်မှားရလောက်အောင် ကဗျာဆန်ဆန် သာယာလှပသော သဘာဝရှုမျှော်ခင်းများအပြင် ယူနန်ပြည်နယ်၏ ဤဂဝံမြေနီဒေသရှိ အသွင်စုံလင်သော တိုင်းရင်းသားရိုးရာဓလေ့တို့က ယင်းပြည်နယ်အား ရင်သပ်ရှုမောဖွယ် ပန်းချီကားတစ်ချပ်အသွင်အဖြစ် ဖန်တီးပုံဖော်ပေးနေပါသည်။



ယူနန်ပြည်နယ်သို့ အရောက်လှမ်းလာ၍ ကိုယ်ပိုင်ထာဝရကမ္ဘာငယ်လေးတစ်ခုကို ရှာဖွေလိုက်ကြရအောင်လားရှင့်။