၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ တရုတ်နိုင်ငံ၏ ရေခဲဆီးနှင်းအလှတရား ဓာတ်ပုံပြပွဲ - ရေခဲဆီးနှင်းအိပ်မက်ကမ္ဘာ
တောတောင်ရေမြေနှင့် မြို့ရွာဒေသများသည် တရုတ်နိုင်ငံတွင် တစ်မူထူးခြားစွာ ဖြစ်ပေါ်တည်ရှိနေသော ရေခဲဆီးနှင်းမြင်ကွင်းများကို သရုပ်ဖော်ပြသနေပါသည်။
နွေးထွေးလှသော ရေမခဲမြစ်သည် သက်ဝင်လှုပ်ရှားနေစမြဲ ဖြစ်ပြီး ငြိမ်သက်နေသော မီးတောင်သည် ယခင်အချိန်က ပူပြင်းလောင်မြိုက်ခဲ့မှုကို ပြန်လည်အမှတ်ရနေပါသည်။ လင်းဟိုင်နှင်းပြင်တော (Linhai) အတွင်းပိုင်းတွင် ရိန်းဒီးယားသမင်သည် ရှေးကျသော တိုင်းရင်းသားလူမျိုးစုကို အဖော်ပြုနေထိုင်လျက် ရှိပြီး သဘာဝမြေပြန့်လွင်ပြင်ရှိ သက်ရှိများသည် အအေးဒဏ်ကို အန်တုကာ ရှင်သန်ကြီးပြင်းကြပါသည်။
ရေခဲဆီးနှင်းများသည် အသည်းခိုက်အောင် အေးခဲနေသည့် ရေခဲများဖြင့် လူသားတို့၏ စိတ်နှလုံးအား ပျော်ရွှင်စေရန် လှုံ့ဆော်နှိုးဆွပေးပြီး သဏ္ဌာန်မျိုးစုံ ပြောင်းလဲပုံဖော်မှုများဖြင့် အသွင်စုံလင်သော ကမ္ဘာငယ်လေးကို ဖန်တီးတည်ဆောက်ပေးပါသည်။
ရေခဲဆီးနှင်းခရီးသွားလာမှုသည် တရုတ်နိုင်ငံ၏ ဆွဲဆောင်မှုအလှတရားများကို လှစ်ဟပြသပေးသည့် ပြတင်းပေါက်တစ်ချပ်ဖြစ်ပြီး ရေခဲဆီးနှင်းယဉ်ကျေးမှုသည် တရုတ်ရိုးရာယဉ်ကျေးမှုများကို သိရှိနားလည်စေသည့် တံခါးပေါက်တစ်ချပ် ဖြစ်သည်။ တရုတ်နိုင်ငံသည် စားတော်ပွဲများ တည်ခင်းပြင်ဆင်ကာ လှပသော ရှုမြင်ကွင်းများဖြင့် သင့်အား ကြိုဆိုလျက် ရှိပါသည်။