၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ တရုတ်နိုင်ငံ၏ ရေခဲဆီးနှင်းအလှတရား ဓာတ်ပုံပြပွဲ - ရေခဲဆီနှင်းအားကစားကွင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-11-30 12:40:09



ရေခဲဆီးနှင်းမရှိသော ကမ္ဘာကြီးက အားကစားယှဉ်ပြိုင်မှု၏ စိတ်အားတက်ကြွမှုများကို ကင်းမဲ့နေစေပါလိမ့်မည်။


နှင်းလျှောစီးကွင်းပြင်၌ နှင်းလျှောစီးနှစ်သက်သူများက လေအဟုန်နှင့်အတူ ရဲရင့်စွာ စီးမျောလိုက်ပါလာကြသည်။ “ပေါ့ပေါ့ပါးပါးဖက်ရှင်”နှင့် ဆောင်းရာသီရေကူးသမားများက ရေခဲမှတ်အအေးဒဏ်ကို မကြောက်မရွံ့ဘဲ ရင်းနှီးနွေးထွေးစွာ ပွေ့ဖက်နေကြသည်။ ဆီးနှင်းများအကြား နပန်းယှဉ်ပြိုင်မှုအားကစားသည်လည်း ထူးထူးခြားခြား စိတ်ဝင်စားဖွယ်ရာ ဖြစ်နေပေတော့သည်။ မြင်းဆွဲစွတ်ဖားစီးခြင်း၊ kyz kuu (ခေါ်) အမျိုးသမီးနှင့် အမျိုးသား ယှဉ်ပြိုင်မှု၊ မြင်းစီးပြိုင်ပွဲ အစရှိသည့် ရေခဲဆီးနှင်း အားကစားပြိုင်ပွဲများအကြား သူ့ထက်ငါအပြိုင် ပါဝင်ယှဉ်ပြိုင်နေသည်မှာ တက်ကြွစိတ်လှုပ်ရှားဖွယ်ကောင်းလှပါသည်။ 


၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် တရုတ်နိုင်ငံသားပေါင်း သန်း (၃၀၀) အား ရေခဲဆီးနှင်းအားကစားများတွင် ပါဝင်ဆင်နွှဲစေခဲ့ရုံသာမက ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း သမိုင်းဝင်မှတ်တိုင်တစ်ခု  ဖြစ်စေခဲ့ပါသည်။ တရုတ်နိုင်ငံတွင် စံသတ်မှတ်ချက်များနှင့်အညီရှိသော ရေခဲပြင်အားကစားကွင်း (၆၅၄) ခုနှင့် ဆီးနှင်းပြင်အားကစားကွင်း (၈၀၃) ခုတို့ကို တည်ဆောက်ထား၍ ရေခဲဆီးနှင်းပြင်ပေါ်၌ လေဟုန်စီးပြေးလွှားကစားလိုသူများ၏ စိတ်ဆန္ဒများ ပြည့်ဝစေရန် ဖြည့်ဆည်းပေးနိုင်သည်။


ရေခဲဆီးနှင်းသည် ဆောင်းရာသီ၏ “hot” အဖြစ်ဆုံး ကစားဖော်ကစားဖက်ဖြစ်ကာ ကမ္ဘာတစ်ဝှမ်းရှိ “အအေးဓာတ်”များကို ထကြွနိုးကြား လောင်ကျွမ်းအသက်ဝင်လာစေပါသည်။